Episode 14 { Zawgyi }

167 12 0
                                    

နိုင် အိမ်ပြန်ရောက်တော့ မိုးဆောင်း က မအိပ်သေးပဲ စောင့်နေသည်။ သူ အိမ်ထဲရောက်တော့ မိုးဆောင်း က အိမ်တံခါးတွေကို သေချာပိတ်ကာအပေါ် ထပ်ကို တတ်သွားသည်။ သူ့ကို စကားလည်း မပြော

ခါတိုင်း ဆို ကိုကိုကြီး ပြန်လာပြီလား။ ထမင်းစားပြီးပြီလား။ ပေါက်ပေါက်ဖောက်သလို မေးတတ်တဲ့ သူက အခုကျတော့ တိတ်ဆိတ်နေသည်။

နိုင် အခန်းထဲ ရောက်တော့ မိုးဆောင်း က အိပ်နေပြီ။ ခြေလက်ဆေး ညအိပ်၀တ်စုံ လဲကာ မိုးဆောင်းပေး ၀င်လှဲလိုက်ချိန်

မိုးဆောင်း - ဒီနေ့ ကျွန်တော်ဖုန်းခေါ်တာ ဘာလို့ မကိုင်တာလဲ။

နိုင် - ကိုယ် အလုပ်ရှုပ်နေလို့။

မိုးဆောင်း - အကယ်၍ ကျွန်တော် သေလောက်တဲ့ ဝေဒနာ ခံစားနေရလို့ ဖုန်းဆက်ရင်ရော ဘယ်လို လုပ်မလဲ

နိုင် အိပ်ယာမှ ကုန်းထ လိုက်ပြီးကျောပေးအိပ်နေသော ကောင်လေး ကို ဆွဲလှည့်ကာ နဖူးတွေ ပါးတွေကို စမ်းကာ

နိုင် - ဘယ်နား နေမကောင်းတာလဲ။ ထ ဆေးခန်းသွားပြရအောင်။

မိုးဆောင်း - ကုလို့ မရဘူးတဲ့ ကျွန်တော့် ရောဂါက စိတ်နဲ့ ဆိုင်တာမို့ ကုလို့ မရဘူးတဲ့။

နိုင် - စိတ်!!

မိုးဆောင်း - ကျွန်တော် ဒီနားက နာကျင်တယ်။ သေမတတ်ကို နာကျင်တယ်။ နာကျင်လွန်း လို့ ကိုကိုကြီး ရဲ့ အဝေးဆုံးကို ထွက်သွားချင်ပြီ။

သူရဲ့ ရင်ဘက်လေးကို လက်ကလေး နဲ့ ကိုင်ကာ ဆိုလာသော သူ​

မိုးဆောင်း - ကိုကိုကြီး တို့ နှစ်ယောက်ကို တွဲမြင်တိုင်း ကျွန်တော် ပိုနာကျင်တယ်။

နိုင် - ကိုယ်တို့ နှစ်ယောက် မိုးဆောင်း ဘာတွေပြောနေတာလဲ။  ကိုယ် ဘယ်သူနဲ့ များ တွဲနေလို့လဲ။

မိုးဆောင်း - ကိုကို နဲ့

နိုင် - ကိုယ်နဲ့ မောင် က သူငယ်ချင်းတွေလေ။

မိုးဆောင်း - ဒါပေမယ့် ကျွန်တော့် စိတ်ထဲ သူငယ်ချင်းလို့ မတွေးမိဘူး။ ကိုကိုကြီး ၊ ကိုကို့ ကို ကြည့်တဲ့ အကြည့် နဲ့ ကျွန်တော့် ကို ကြည့်တဲ့ အကြည့် မတူဘူး။ ဟိုတစ်ခါ ကိုကိုကြီး မူးတုန်းက မောင် လို့ ခေါ်ခဲ့တာ ကိုကို့ ကို မလား။

 ချစ်ခြင်းမေတ္တာဟူသည် / ချစ်ခြင်းမေတ္တာဟူသည် ( U & Z ) { COMPLETED}Where stories live. Discover now