Episode 2 { Unicode }

98 6 0
                                    

ကင်မရာ မီးရောင် တဖြတ်ဖြတ်အောက်မှာ မိုးဆောင်း မနေတတ်တော့ချေ။

ကားပေါ်က စဆင်းကတည်း  သူ့ထက် ငါအပြိုင် အလုအယက် သတင်းယူနေကြတဲ့ သတင်းမီဒီယာ သမားတွေ၊ မိုးဆောင်း ကြောက်တာမို့ ကိုကိုကြီး ရဲ့ ကုတ်အင်္ကျီအနားသားလေးကို လှမ်းဆွဲလိုက်သည်။

- မင်း ကြောက်နေတာလား။

- ဟုတ် မိုးဆောင်း​ ကြောက်တယ် ကိုကိုကြီး

ထိုကလေး ကြောက်ချင်လည်း ကြောက်လောက်ပါတယ်။ သတင်းသမားတွေက အမဲဖြတ်တော့မဲ့ အတိုင်း တိုးဝှေ့နေတာကို

နိုင် ထိုကောင်လေး လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ပြီး ခန်းမအတွင်းထဲ ၀င်လာခဲ့သည်။ ညစာ စားပွဲ ဆိုတာထက် မွေးနေ့ပွဲဆို ပိုမှန်မည်။ မြန်မာနိုင်ငံရဲ့ Top 1 စီးပွားရေး လုပ်ငန်းရှင် ဉီးဂျက်ဆင်ကာဆန် ရဲ့ မွေးနေ့၊ ခန်းမထဲ ရောက်တော့

- ဟာ မောင်သုတဘုန်းနိုင် ရောက်လာပြီလား။

- ဟုတ်ကဲ့ အန်ကယ်။

- အေး အေးဆေးထိုင်နော်။ ကြိုက်တာ ယူစားကြ။ သားလည်း လွတ်လွတ်လပ်လပ်နေနော်။

- ဟုတ်ကဲ့ပါ အန်ကယ်။

ထိုလူကြီးဟာ နိုင့် ကို ပြောပြီး တစ်ဆက်တည်း နိုင့်ဘေးမှာ ရှိသော မိုးဆောင်းကိုပါ လွတ်လွတ်လပ်လပ်နေဖို့ ပြောသည်။

ဝိုင်းတစ်ခု အလွတ်မှာ နှစ်ယောက်သား ၀င်ထိုင်ကြပြီးနောက်

- မင်း ခနထိုင်နေအုံး။ မင်းစားဖို့ သွားယူပေးမယ်။

- ဟုတ် ကိုကိုကြီး

ကိုကိုကြီး ထွက်သွားတော့မှ မိုးဆောင်းလည်း ခန်းမထဲကို ဝေ့ဝဲကြည့်နေမိသည်။

- ဆရာ! ဆရာမိုးဆောင်း မလား။

အနားကို ရောက်လာသော မိန်းမပျိုလေးတစ်ယောက်၊ မော့ကြည့်လိုက်တော့

- စိမ့်

- တကယ်ပဲ ဆရာကို။ ဆရာ တစ်ယောက်တည်းလား အဖော်ပါလားဟင်။

- ဆရာ အမျိုးသားနဲ့ လာတာ။

- ဟင် ဆရာက

စိမ့် အံ့သြစွာနဲ့ မိုးဆောင်းကို ကြည့်လိုက်မိသည်။

 ချစ်ခြင်းမေတ္တာဟူသည် / ချစ်ခြင်းမေတ္တာဟူသည် ( U & Z ) { COMPLETED}Kde žijí příběhy. Začni objevovat