Episode 6 { Zawgyi }

161 17 1
                                    

- မင်းလည်း သူ့ကို ချစ်နေသေးတယ်မလား

- အင်း ငါ သူ့ကို တစ်ရက်မှ မမေ့ခဲ့ဘူး။

- မင်း ချစ်နေသေးရင် ပြီးတာပဲလေ။ သူလည်း မင်းကို ချစ်တာပဲ ဘာများ လိုအပ်သေးလို့လဲ။

- ဒါပေမယ့် အတာကူး နဲ့ သူ့သား မျက်နှာ ရှိသေးတယ်လေ။ မောင့် ကို ဖောက်ပြန်တဲ့ သူလို့ လူတွေ ​ပြောမှာကိုလည်း ငါကြောက်တယ်။ 

- အတာကူး ကိုယ်တိုင်က ကွာရှင်းပေးမယ် ပြောခဲ့တယ်မလာ။ ဒါကျတော့ သူတို့နှစ်ယောက် ပြတ်စဲပြီးမှ မင်း နဲ့ သူဇာတ်လမ်း ပြန်စတာလေ။ ဒါက ဖောက်ပြန်တာမှ မဟုတ်တာ။

- ငါ..ငါ

- ငါ အကောင်းဆုံး အကြံပေးချင်တယ်။ မင်းပျော်ရွှင်မယ်ဆိုရင် အဲ့လူရဲ့ လက်ကို ပြန်တွဲလိုက်။ အဲ့လိုမဟုတ်ဘူးဆိုရင် မင်း ပြန်မတွဲနဲ့ Okလား။

- အင်း

- မင်း သေချာ ပြန်စဥ်းစားပါ။ ခေါင်းအေးအေးထားပြီး စဥ်းစား။ ဟုတ်ပြီလား။

- အင်း

ဂျိုးဇက်စ် အရှေ့က သူငယ်ချင်းဖြစ်သူကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။ သူ့သူငယ်ချင်း က မိုးနှောင်းမောင် ဆိုတဲ့ လူကို ဘယ်လောက်ထိ ချစ်လဲ ဆို တစ်ဆောင်တန်း တစ်ခန်းတည်း နေသော ဂျိုးဇက်စ် အသိဆုံး

ညတွေဆို အိပ်ဆေးတွေ သောက်မှ အိပ်ပျော်သော သူကို ဂျိုးဇက်စ် အားမရတော့ပေ။ တမှိုင်မှိုင်တထွေထွေ ဖြစ်နေသော သူငယ်ချင်းကို တတ်ကြွပျော်ရွှင် လာအောင် သူ ဘယ်လောက်ထိ ကြိုးစားခဲ့ရလဲ။ စိတ်ကျန်းမာရေး ဆရာ၀န် နဲ့တောင် တိုင်ပင်ခဲ့ရတဲ့ အထိ။

ပါးစပ်ကသာ နာကျည်းတယ် မုန်းတယ် ပြောနေပေမယ့် သူ့ရင်ထဲမှာတော့ မိုးနှောင်းမောင် ကို ချစ်သော အချစ်တွေမှ အပြည့်။

မင်းဒီတစ်ကြိမ်တော့ ပျော်ရွှင်ပါစေလို့ ငါ ဆုတောင်းပေးတယ်။
//////////////////////////////////////////////
၂လနီးပါး ကုန်လွန် သွားတဲ့ အချိန်ထိ သူ နိုင့် ကို မတွေ့။ အခုဆို သူနဲ့ ကူး လည်း ကွာရှင်းလိုက်ကြပြီ။သားလေးကိုတော့ ကူးဘက်က အုပ်ထိန်းခွင့်တောင်းတာမို့ ကြည်ကြည်ဖြူဖြူ တာ ခွင့်ပြုလိုက်သည်။

 ချစ်ခြင်းမေတ္တာဟူသည် / ချစ်ခြင်းမေတ္တာဟူသည် ( U & Z ) { COMPLETED}Where stories live. Discover now