Episode 16 { Zawgyi }

190 11 0
                                    

မိုးဆောင်း - ကိုကိုကြီး

နိုင် - ပြော

မိုးဆောင်း - ကျွန်တော် ကိုကိုကြီး နဲ့ လျှောက်လည်ချင်တယ်။ ရမလား။

နိုင် - ဟင်! ဘယ်လိုလုပ်မလဲ မိုးဆောင်း နောက်အပတ် မောင်....မိုးဆောင်း  ခွဲခန်း၀င်ရင် ကိုယ် လာစောင့်ရမှာမို့ အခုကတည်းက အလုပ်တွေ ဖြတ်ထားမလို့လေ

မိုးဆောင်း - အော်! ရပါတယ် အလုပ်လုပ်စရာ ရှိတာကို လုပ်ပါ။ ကျွန်တော်က အရေးမကြီးပါဘူး။

မိုးဆောင်း ထိုတစ်ခွန်းသာ ပြောပြီး နိုင့် ဘေးနားမှ ထထွက်ခဲ့သည်။

နိုင် ဖြေရှင်းချက် ထုတ်ဖို့ စကားရှာနေတုန်း မိုးဆောင်း က ထွက်သွားတာမို့ သက်ပြင်းချလိုက်သည်။ ပုံမှန်ဆို သူ အလုပ်တွေကို ညှို့ တို့ကို လွှဲထားလို့ ရပေမယ့် ညှို့ ကလည်း ငွေဆောင်က ဟိုတယ် နဲ့ လုံးပန်းနေသလို လင်းလေပြေ ကလည်း မအား၊ ပြေဇင် ကတော့ မိန်းမယူဖို့ လုပ်နေတာမို့ သူ့ကို ကူညီနိုင်မည် မထင်!

မိုးဆောင်း အခန်းထဲရောက်တော့ ခေါင်းအုံးပေါ် မျက်နှာအပ်ကာ ငိုတော့သည်။ အမှန်တော့ ကိုကိုကြီးက ကျွန်တော့် ကြောင့် အလုပ်ကိစ္စကို ဖျက်တာ မဟုတ်။ ကိုကို့ကြောင့် အလုပ်ကိစ္စတွေကို ဖြတ်ခြင်း!

*ကိုကိုကြီး နဲ့ ကိုကို တို့ ပျော်ရွှင်ပါစေလို့ ကျွန်တော် ဆုတောင်းပေးပါတယ်။*
//////////////////////////////////////////////
- ဖေကြီး ရှင် က အမဲသား မစားဘူးမလား။ ဘာလို့ အမဲသား တွေ ချက်နေတာတုန်း

မီးဖိုချောင်ထဲ တကုပ်ကုပ် တလှုပ်လှုပ်နဲ့ အမဲသားဟင်း ချက်နေသော ခင်ပွန်းဖြစ်သူကို ဒေါ်လင်းလက်ဖြူ မေးလိုက်သည်။

- ငါ့ သားငယ်အတွက်

- ဘုရားရေ

ဒေါ်လင်းလက်ဖြူ အံ့သြသွားရပြန်သည်။ ဒီလူကြီး ဆေးစားမှားသွားတာလား။

- ဖေကြီး မှန်းစမ်း တော် နေရော ကောင်း ရဲ့လား။

- မေကြီး မင်း တအား စကားများတာပဲ။ ဟိုပေါ်က အမဲရိုးနဲ့ ကျောက်ဖရုံသီး အိုးကို တစ်ချက်ကြည့်ပေးအုံး

 ချစ်ခြင်းမေတ္တာဟူသည် / ချစ်ခြင်းမေတ္တာဟူသည် ( U & Z ) { COMPLETED}Where stories live. Discover now