Episode 23 { Zawgyi }

172 10 0
                                    

ပြင်ဦးလွင်မြို့  သင်္ဂတုံ ရွာရှိ မိဘမဲ့ဂေဟာလေးတွင် ဦးမျိုးလှိုင်ဦး ရဲ့ ၁နှစ်ပြည့် အတွက် မိုးဆောင်း တို့ ညီအစ်ကိုနှစ်ယောက် အလှူလာလုပ်ဖြစ်သည်။

နိုင် နဲ့ မောင် က ကျောင်းမှာ လိုအပ်သော အရာတွေကို ကျောင်းအုပ်ဆရာမကြီး အား မေးလျှောက်နေကြပြီး မိုးဆောင်း၊ အတာကူး နဲ့ အတာနှောင်းလေး တို့က ကလေးတွေနဲ့ ဆော့ကစားနေကြသည်။

နေ့လည် ထမင်းစားချိန်ရောက်မှ သူတို့ အားလုံး ထမင်းစားဆောင်ကို ရောက်လာကြသည်။ မနက်ပိုင်းကတော့ ရွာဦးကျောင်းမှာ ဆွမ်းကပ်ခဲ့ပြီးပြီ။ ရွာဦးကျောင်းမှာ အဖေ့ အတွက် ရည်မှန်းပြီး သိန်း၃၀ လှူတန်းခဲ့သည်။

မိဘမဲ့ဂေဟာလေးတွင်တော့ တစ်သက်တာအာဟာရ နဲ့ ကလေးတွေ ရဲ့ ပညာရေးကို နိုင် နဲ့ မိုးဆောင်း က တာ၀န်ယူပြီး မောင် တို့ မိသားစု ကတော့ ကျောင်းဆောင်အသစ်နဲ့ ငွေသားကိုသာ လှူတန်းခဲ့သည်။

ပညာဆက်မသင်ရတော့ဘူး ထင်နေသော ကလေးငယ်တွေမှာ ထိုအကြောင်းကြားပြီး ၀မ်းသာမျက်ရည်တွေ ကျကာ နိုင် တို့ အားလုံးကို လက်အုပ်လေးတွေချီကာ ကန်တော့ ကြသည်။

ဒီနှစ်ရဲ့ အလှူက တကယ့်ကိုကြီးမြတ်လှပါသည်။ မိဘမဲ့ ဂေဟာမှာ အချိန်အတော်ကြာနေပြီးမှ အောင်ချမ်းသာ ဖားအောက်တောရမှာ  ရိပ်သာ ၀င်နေသော ဒေါ်လင်းလက်ဖြူ ဆီ သူတို့ ထပ်မံ ခရီးဆက်ခဲ့ကြသည်။

ဖားအောက်တောရ ဆိုတာ ပါချုပ်ဆရာတော်ဘုရားကြီးရဲ့ ကျောင်းတော်။ သင်္ကြန်တွင်းဆို  နှစ်စဥ်နှစ်တိုင်း လူပြည့်တတ်တာကြောင့် သင်္ကြန်မရောက်ခင် ၂လ ၃လ အလိုကတည်းက ဘုန်းကြီးပဲ ၀တ်၀တ် ၊ တရားစခန်းပဲ ၀င်၀င် ကြိုတင်ပြီး စာရင်းပေးရသည်။

သူတို့ရဲ့ ခရီးက တောင်နဲ့မြောက်ပဲ။ နေတာက မြို့ထဲမှာ နေပြီး အလှူလုပ်တော့ ဘုရားကြီးဘက်က ကျောင်းမှာ၊ အမေ က အောင်ချမ်းသာဘက် အဆင်ပြေချက်!

နိုင် နဲ့ မိုးဆောင်းက တစ်စီး၊ မောင် တို့ မိသားစုက တစ်စီး။ အစက တစ်စီးတည်း အတူတူ သွားမလို့ပါပဲ နိုင် က လက်မခံဘူး။ ကိုယ့်မိသားစုနဲ့ ကိုယ်သွားတဲ့! တကယ် လက်ပေါက်ကပ်တဲ့ အကောင်!!

 ချစ်ခြင်းမေတ္တာဟူသည် / ချစ်ခြင်းမေတ္တာဟူသည် ( U & Z ) { COMPLETED}Where stories live. Discover now