Episode 12 { Zawgyi }

161 12 0
                                    

မြက်ရိုင်းများစွာ ပတ်ပတ်လည်ကာရံထားပြီး နွယ်ပင်တွေရဲ့ ရစ်သိုင်းခြင်းကို ခံရတော့ နှင်းဆီဖြူလေး တစ်ပွင့်ဟာ တင်းကျပ်စွာ ရှိလှသော နွယ်ပင်တွေဆီမှ လွတ်မြောက်ကာ ငွားငွားစွင့်စွင့်ဖြင့် ပွင့်လန်းလာသော ပုံ ကို ပုံဖော်ရေးဆွဲထားသော ပန်းချီမှာ ၂ပုံတောင် ရှိနေသည်မို့ ဒိုင်တွေ အပါအ၀င် ပွဲလာသူတွေမှာ ဟာခနဲ ဟင်ခနဲ။

- မိုးဆောင်းမောင် မင်းငါ့ပုံကို ကူးထားတာလား။

မိုးဆောင်း - မဟုတ်ဘူး။ ကိုရဲရင့်

- မင်း ဟိုးတစ်နေ့က ငါ့အိမ်ကို လာတုန်းက မင်းဒီပုံကို တွေ့သွားတာမလား။

မိုးဆောင်း - အဲ့နေ့က အစ်ကိုဆွဲနေတာ

- မင်းကွာ မင်းယောကျာ်းမျက်နှာ၊ ဒီပွဲကို ဦးစီးကျင်းပပေးတဲ့ ကိုသုတဘုန်းနိုင် ရဲ့ မျက်နှာကို မှ မထောက်ကွာ။ အားလုံးပဲ ဒီပုံက ကျွန်တော် ဆွဲထားတာပါ။ ကျွန်တော် ဆွဲမဲ့ အိုင်ဒီယာ ကို ကျွန်တော် မိုးဆောင်းမောင်ကို ပြောခဲ့ဖူးပါတယ်။ ဟိုနေ့က  ကိုသုတဘုန်းနိုင် အိမ်ကို အလည်လာတုန်းက မိုးဆောင်း ပါ ပါလာပါတယ်။ အဲ့နေ့က သူ ကျွန်တော်ဆွဲတဲ့ ဒီပုံကို တွေ့ပြီး တော်တော်လှတာပဲ လို့ ပြောခဲ့ဖူးပါတယ် 

- တကယ်ပဲ ကိုမိုးဆောင်းမောင်က Copy တာလား။

မိုးဆောင်း - မဟုတ်ဘူး။

ကျွီ!

အခန်းတံခါးဖွင့်သံနဲ့ အတူ အခန်းထဲ ၀င်လာသော သုတဘုန်းနိုင် နဲ့ သူရဲ့ အတွင်းရေးမှူး။

နိုင် - ပြဿနာဖြစ်တယ်လို့ ကြားမိလို့ လာခဲ့တာပါ။ ကျွန်တော် ဦးစီးဦးဆောင်ပြီး လုပ်တဲ့ နှစ်ကျမှ အခုလို ဖြစ်သွားတဲ့ အတွက် အားလုံးကို တောင်းပန်ပါတယ်။

နိုင် က ဒိုင်လူကြီးတွေဘက်ရော ပရိသတ်တွေကိုပါ 90°Bow လုပ်ကာ တောင်းပန်လိုက်သည်။

ဒိုင်ထဲမှ အသက်ကြီးကြီး လူကြီးတစ်ယောက်က ထကာ

- ဒီပြဿနာကို မောင်ရင် ရှင်းပေးလို့ ရမလား။ ဒီမှာက နိုင်ငံခြားက လူတွေလည်း ရှိနေတာဆိုတော့လေ

 ချစ်ခြင်းမေတ္တာဟူသည် / ချစ်ခြင်းမေတ္တာဟူသည် ( U & Z ) { COMPLETED}Where stories live. Discover now