Episode 25 😘Ending😘{ Unicode }

233 6 1
                                    

နိုင် - မပြီးသေးဘူးလား ကွာ။

မိုးဆောင်း - ပြီးပါပြီ ကိုကိုကြီး ကလည်း ခနလေး ခနလေး ရေမွှေးစွတ်လိုက်အုံးမယ်။

မှန်တင်ခုံပေါ်က ရေမွှေးပုလင်းကို ယူကာ ရွှီး ရွှီး ဆိုပြီး ပတ်ဖြန်းနေသော မိုးဆောင်း ကို နိုင် အမြင်မကြည်တော့ပေ။

မိုးဆောင်း - သွားလို့ ရပြီ ကိုကိုကြီး

နိုင် - မင်္ဂလာပွဲ က မင်းပွဲ လား စိမ့်ရူပါနိုင် ရဲ့ ပွဲလားဟမ်။ ပြင်ထားလိုက်တာများ သတို့သမီးတောင် မင်းလောက်ပြင်မှာ မဟုတ်ဘူး။

မိုးဆောင်း - ကိုကိုကြီး ကလည်း ကျွန်တော် ဘာများပြင်ထားလို့လဲ။

နိုင် - ဘာကို မပြင်ထားရမှာလဲ။ တစ်ကိုယ်လုံးလည်း ရေမွှေးနံ့တွေ မွှန်လို့ 

မိုးဆောင်း - ကျွန်တော်မှ ရေမချိုးရသေးတာ။ အဲ့တာကြောင့် ရေမွှေးတွေ တစ်ပုလင်းလုံး ခေါင်းပေါ်က လောင်းချထားတာ။

နိုင် - ဟာ မင်း ညစ်ပတ်လိုက်တာ

မိုးဆောင်း - ညစ်ပတ်လည်း ကိုကိုကြီး ချစ်တယ်မလား။

နိုင် - ချစ်ပါဘူး။

မိုးဆောင်း - မချစ်နဲ့ပေါ့။ ကိုကိုကြီး မချစ်လည်း ရတယ် ကျွန်တော့်ကို ချစ်မဲ့သူ အများကြီး ရှိတယ်

နိုင် - ဘာ! မိုးဆောင်းမောင် ရပ်စမ်း

မိုးဆောင်း စကားအနိုင်ပိုင်းကာ အခန်းထဲမှ ထွက်လာလိုက်သည်။ နိုင် ကတော့ အနောက်ကနေ ဒေါသတကြီးဖြင့် ပါလာခဲ့သည်။

နိုင် - ပြောစမ်း အဲ့ကောင်က ဘယ်သူလဲ။ လွန်းခမ်းနောင်လား။

မိုးဆောင်း - ဘာကိစ္စ လွန်းခမ်းနောင် က ပါလာတာတုန်း။ စလို့ စမှန်းလည်း မသိဘူး။ ကျွန်တော့် ဘ၀မှာလေ ကိုကိုကြီး တစ်ယောက်တည်းကိုသာ ချစ်တာ သိလား။ နောက်တစ်ယောက်ဆိုတာ မရှိဘူး။

နိုင် - သေချာလား

မိုးဆောင်း - ရော် မယုံသင်္ကာအကြည့်ကြီး နဲ့ တကယ် ပါဗျာ။ ကိုကိုကြီး ကသာ ကျွန်တော့် အချစ်ဉီးရော အချစ်ဆုံးပဲ သိလား။

နိုင် - နောက်တစ်ခါ မစနဲ့။ ကိုယ်ရူးသွားလိမ့်မယ်။ ဒေါသထွက်ပြီး Baby ကို တစ်ခုခု လုပ်မိလိမ့်မယ်။ နောက်တစ်ခါ အဲ့လို မစပါနဲ့။

🎉 You've finished reading ချစ်ခြင်းမေတ္တာဟူသည် / ချစ်ခြင်းမေတ္တာဟူသည် ( U & Z ) { COMPLETED} 🎉
 ချစ်ခြင်းမေတ္တာဟူသည် / ချစ်ခြင်းမေတ္တာဟူသည် ( U & Z ) { COMPLETED}Where stories live. Discover now