Episode 18 { Zawgyi }

206 12 0
                                    

ညှို့ - အဲ့တော့ မင်းကို သူက လက်မခံဘူးပေါ့ ဟုတ်လား

နိုင် - အင်း! ညှို့ ငါ့လုပ်ရပ်တွေက မိုးဆောင်းအပေါ် အရမ်းများ မှားနေလားဟင်။

ညှို့ - မှားတာမှ မှား မှား မှား လို့တောင် မြည်နေသေး။

နိုင် - မသိတော့ဘူးကွာ။ ဒီညနေ မိုးဆောင်း ဆေးရုံတတ်ရတော့မှာ။ ညှို့ ကုမ္ပဏီ ကို မင်း ခနလောက် အုပ်ချုပ်ပေးလို့ ရမလား။

ညှို့ - ရပါတယ် ငါ့အတွက်ကတော့ Minor ပါပဲ။ မိုးနှောင်းမောင် နေကောင်းသွားရင် မင်း တို့ ပြတ်ပြတ်သားသား လုပ်ကြနော်။ မဟုတ်လို့ကတော့

နိုင် - ငါ သိတယ်။ ငါ မောင့် အပေါ် ဘာမှ မရှိတော့ပါဘူး။ အခုကစပြီး ငါက မိုးဆောင်းမောင် ရဲ့ ယောကျာ်း အနေနဲ့ နေထိုင်သွားတော့မှာ

ညှို့ - အေးပါကွာ။ ​အော် ပြေဇင်က ညနေ သူ့ယူမဲ့ မိန်းမနဲ့ မိတ်ဆက်ပေးမလို့တဲ့။ အဲ့တာ ဘယ်လိုလုပ်မလဲ။

နိုင် - မင်းတို့ အားလုံး ဆေးရုံကို လာခဲ့ကြကွာ!

ညှို့ - အင်း မဆိုးဘူး။ မိုးဆောင်း ကိုလည်း အားပေးဖို့ လာရမယ်။

နိုင် - ငါအိမ်ပြန်တော့မယ်။

ညှို့ - ဟျောင့်! အခုမှ ၁၁ နာရီပဲ ရှိသေးတယ်လေ။

နိုင် - ငါ မိုးဆောင်း အတွက် လိုအပ်တာတွေ ၀ယ် ပေးရအုံးမှာမို့ကွာ။ သွားပြီ

ကားသော့ယူကာ ရုံးခန်းထဲက ထွက်သွားသော နိုင့် ကို ကြည့်ပြီး ညှို့ ခေါင်းခါလိုက်သည်။

မိုးဆောင်း သန်ဘက်ခါ ခွဲခန်း၀င်ရတော့မှာ ကြောက်နေမိသည်။ သူ့ အန်ကယ်လေးဆီ ဖုန်းခေါ်တော့ စက်ပိတ်ထားတယ်တဲ့။ အန်ကယ်လေး စိတ်ဆိုးနေလို့ များလား။

အန်ကယ်လေး ရဲ့ ချစ်သူဆီ ခေါ်တော့လည်း စက်က ပိတ်ထားပြန်တယ်။ ဘာဖြစ်လို့များ ဖုန်း စက်ပိတ်ထားပါလိမ့်။

သူ အခု တစ်စုံတစ်ယောက်ဆီက အားပေးမှုကို ရချင်တယ်။

စိမ့် - ဆရာ ဘာတွေ တွေးနေတာလဲ။

ခြံထဲက စားပွဲ၀ိုင်းမှာ ထိုင်ပြီး အတွေးလွန်နေတုန်း စိမ့် ရောက်လာတာတောင် မသိလိုက်။

 ချစ်ခြင်းမေတ္တာဟူသည် / ချစ်ခြင်းမေတ္တာဟူသည် ( U & Z ) { COMPLETED}Where stories live. Discover now