Episode 21 { Unicode }

82 5 1
                                    

မြတ်မှူးသီဟ ဘုန်းမြေကမ္ဘာစံအိမ်ရှေ့ ကို ရောက်တော့

- ငါ ဒီအမည် ကို ကြားဖူးနေသလိုပဲ။ ဘယ်မှာ ကြားဖူးပါလိမ့်

ခေါင်းကုတ်လိုက် ဖင်ကုတ်လိုက် စဉ်းစားခန်း ၀င်နေတုန်း ခြံတံခါးကြီးက ပွင့်လာပြီး အဘကြီး တစ်ယောက် ထွက်လာသည်။

- လူလေး ဘာကိစ္စများ ရှိလို့လဲ ကွဲ့

- ဟုတ်ကဲ့ အဘ မင်္ဂလာပါ ဗျာ။ ကျွန်တော် က မိုးဆောင်းမောင် ရဲ့ သူငယ်ချင်း မြတ်မှူးသီဟ ပါ။ အခု ကျွန်တော် မိုးဆောင်းမောင် နဲ့ တွေ့ချင်လို့ပါ။

- အော် ၀င်ခဲ့ လူလေး။ မနက်ကတည်းက သားမိုးဆောင်း က ပြောထားတယ်။ လာ လူလေးလာ

မြတ်မှူးသီဟ ခြံအကျယ်ကြီး ကို ကြည့်ကာ ပါးစပ်အဟောင်းသား။ ဒီလူလည်း သူ့ရဲ့ Bossလို တော်တော်ချမ်းသာတာပဲ။ Boss ဆိုမှ အခုတလော Boss အလုပ်မလာ။ မေးချင်ပေမယ့် Boss ရဲ့ PA နဲ့ သူက အကြောမတည့်။

Boss က သူများတွေကျတော့ ၃ရက်ထက် ပိုပြီး အလုပ်ပျက်ရင် အလုပ်ထုတ်မယ် ဘာညာနဲ့။ သူကျတော့ အလုပ်ပျက်ကာ  ၄ရက်နီးပါး ရှိနေပြီ။ Boss လည်း သူထုတ်ထားသော စည်းကမ်းကို လိုက်နာသင့်ပါ၏

မိုးဆောင်း - မြတ်မှူး ရောက်လာပြီလား။

- အေး မင်း ဘာမှ မပြင်ဆင်ရသေးဘူးလား။

မိုးဆောင်း - ခနလေးပဲ စောင့်။ မကြာဘူး။ ထိုင်ပြီး ကော်ဖီသောက်နေ။

မိုးဆောင်း အပေါ်ကို ဒုန်းစိုင်း တတ်သွားတော့ မြတ်မှူး ဖုန်းထုတ်ကာ NF ပွတ်နေလိုက်သည်။

ဒေါက်! ဒေါက်! ဒေါက်

၅မိနစ်တောင် မကြာသေး လှေကားပေါ်က ဖိနပ်နင်းသံကြောင့် မြတ်မှူး ပြုံးကာ ဒီကောင် အတော် မြန်တာပဲ လို့ တွေးကာ ဖုန်းပိတ်ပြီး လှေကားကို ကြည့်လိုက်တော့ မျက်လုံးပြူးသွားသည်။

အဲ့တာ အဲ့တာ သူရဲ့ အလုပ်ရှင် မလား။ အလုပ်ရှင် ဆိုတော့ မိုးဆောင်း ရဲ့ လင်ပေါ့။ သေပြီး မြတ်မှူးသီဟရေ မင်းတော့ အလုပ်ပြုတ်တော့မယ်။

ဘုန်းမြေကမ္ဘာစံအိမ်!! ဟာ! ကြားဖူးပါတယ် တွေးနေတာ ကို! ချီးပဲ

 ချစ်ခြင်းမေတ္တာဟူသည် / ချစ်ခြင်းမေတ္တာဟူသည် ( U & Z ) { COMPLETED}Where stories live. Discover now