Episode 24 { Zawgyi }

165 10 0
                                    

နိုင် - ကလေး! ပိစိ၊ အသည်းအသက်

မိုးဆောင်း - ဟာ ကိုကိုကြီး ဘယ်လိုဖြစ်နေတာလဲ။

ပန်းချီဆွဲနေသော မိုးဆောင်းအနား မှာ ကပ်ကာ မိုးဆောင်းကို Nickname မျိုးစုံ ခေါ်နေသော နိုင်

အလုပ်ခန်းနဲ့ ပန်းချီခန်းကို တစ်ခန်းတည်း လုပ်လိုက်တာက အဆင်မပြေချက်။ ကိုကိုကြီးလည်း သူ့အလုပ်တွေ မလုပ်ပဲ အနားမှာ လာကပ်နေတာ တအားပဲ။

နိုင် - ဒီနေ့ စနေနေ့ ဆိုတော့ ကိုယ်တို့ လျှောက်လည်ကြမယ်။

မိုးဆောင်း - ထူးထူးဆန်းဆန်း ဆိုစမ်းပါအုံး ဒီနေ့ ဘာဖြစ်လို့ အပြင်ထွက်လည်ချင်တာလဲ။

နိုင် - ဟမ်! အိမ်ထဲနေရ တာ ပျင်းလို့လေ။ အလုပ်နဲ့ အိမ်၊ အိမ် နဲ့ အလုပ်ချည်း ကျတော့ မဟုတ်သေးသလို ခံစားရလို့။ ပြီးတော့ မိုးဆောင်းလည်း တစ်နေကုန် တစ်နေခမ်း ပန်းချီ ချည်း ဆွဲနေတော့ အဆင်မပြေဘူးလေ။ ဟုတ်တယ်မလား။

မိုးဆောင်း - အင်း ကိုကိုကြီးပြောတာလဲ မှန်တာပဲ။ ဒါဆို ကျွန်တော်တို့ လည်ကြရအောင်လေ

နိုင် - အင်း!

နှစ်ယောက်သား အ၀တ်အစားလဲကြပြီး မြို့ထဲကို ထွက်လာကြသည်။

နိုင် က မိုးဆောင်း အကြိုက်တွေ့စေမဲ့ ပန်းချီ နဲ့ ပတ်သက်တဲ့ ဆိုင်ကို ခေါ်သွားသည်။

မိုးဆောင်း - ဝါး စုံလင်လှတာ ကိုကိုကြီးက အကောင်းဆုံး

အရောင်စုံလင်လှသော ရေဆေး တွေရယ်၊ စုတ်တံ အမျိုးအစားတွေကြောင့် မိုးဆောင်းမှာ အပျော်ကြီး ပျော်နေသည်။

ဟိုပစ္စည်းကိုကောက်ကိုင်လိုက် ဒီပစ္စည်းကောက်ကိုင်လိုက်နဲ့ ပျော်ရွှင်နေသော မိုးဆောင်းကို ကြည့်ကာ နိုင် ပါ ပြုံးလိုက်သည်။

- အစ်ကိုဖြစ်သူက ညီကို အရမ်းချစ်တယ် ထင်တယ်။ 

ဘေးနားက ၀န်ထမ်းမလေး နှစ်ယောက်စကားကြောင့် နိုင် ပြုံးလိုက်ပြန်သည်။

ဟုတ်တယ် သူက မိုးဆောင်း အတွက် အဖေဆိုလည်းဟုတ်သလို အစ်ကိုဆိုလည်း ဟုတ်သည်။ သူငယ်ချင်းဆိုလည်း ဟုတ်တယ်။ မိုးဆောင်း ကို သူက ၁၅၀၀ အပါအ၀င် ၅၂၈ မေတ္တာ နဲ့ပါ ချစ်သည်။

 ချစ်ခြင်းမေတ္တာဟူသည် / ချစ်ခြင်းမေတ္တာဟူသည် ( U & Z ) { COMPLETED}Tahanan ng mga kuwento. Tumuklas ngayon