Episode 3 { Zawgyi }

177 15 0
                                    

အောင်စာရင်း မထွက်သေးသော ကြားကာလမှာ နိုင် ရော မောင် ရော သင်တန်းတွေ လှိမ့်ပိတ်တတ်ပြီး သာယာနေကြသည်။

နိုင် နဲ့ မတွေ့တဲ့ နေ့တွေဆို မောင် က အတာကူး နဲ့ တွေ့သည်။ တစ်နေ့  စားသောက်ဆိုင် တစ်ဆိုင်မှာ အတာကူး နဲ့ မောင် ရယ်ရယ်မောမော ရှိနေတာကို နိုင် တွေ့သွားသည်။ မောင် တို့ နှစ်ယောက်တည်း မဟုတ် နိုင် မကြိုက်သော မျိုးနောင်တို့ ပါ  ပါသည်။

- ဟိုမှာ သုတဘုန်းနိုင်မလား။

မျိုးနောင် ရဲ့ စကားကို ကြားတော့ ကူးကို မုန့်ခွံ့ဖို့ လုပ်နေသော မောင့် လက်တွေ တင်းကျပ်သွားသလို မျိုးနောင် ကြည့်ရာကို ကြည့်လိုက်တော့ သူ့ကို စူးစူးရဲရဲ ကြည့်နေသော နိုင် ကို တွေ့လိုက်ရသည်။

ထိုင်နေရာမှ ၀ိုင်းခနဲ ထရပ်လိုက်တော့

- ကို ဘာဖြစ်လို့လဲ။

- ကူး ခနနေခဲ့အုံးနော် ကိုယ် သူ့ကို စကားသွားပြောလိုက်အုံးမယ်

မျက်နှာပျက်ယွင်းစွာ ထွက်သွားသော ကို့ ကြောင့် ကူး စိတ်တွေ ဆောက်တည်ရာ မရ ဖြစ်နေသည်။

လှမ်းမြင်နေရသော ကို တို့ နှစ်ယောက် ဟာ သူငယ်ချင်းဆိုတာ ယုံဖွယ် မရှိ။ ကို က သုတဘုန်းနိုင်ဆိုတဲ့ လူရဲ့ လက်ကို ဆွဲသလို ဟိုကလည်း ပြန်ရုန်းသည်။

- မျိုးနောင် ၊ သူတို့ ၂ယောက်က သူငယ်ချင်းရော ဟုတ်ရဲ့လား။

ကူး အမေးကြောင့် မျိုးနောင် တို့လည်း မျက်နှာပျက်သွားသည်။ ဒီဇာတ်လမ်း ဘယ်က စလဲ ဆို သင်္ကြန်တွင်းက သူတို့သာ မိုးနှောင်းမောင် ကို အရက်တိုက်ပြီး သွေးတိုးမစမ်းခဲ့ရင် အခုလိုတွေ ဖြစ်မှာမဟုတ်။

- သူတို့က သူငယ်ချင်းတွေပါ။ သုတ က သီးသန့်နေတာ။ သူက မိုးနှောင်း နဲ့ပဲ ပေါင်းတာလေ။ မိုးနှောင်းကလည်း သုတ ကိုပဲ ငါတို့ထက် ပိုပေါင်းတာ။ နင် အတွေးမလွန်ပါနဲ့ ကူးရာ

မျိုးနောင် နဲ့  ဆွေဦး တို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ခေါင်းခါလိုက်သည်။

သူတို့ မိုးနှောင်း ကို မေးဖို့ အချိန်တန်ပြီ ထင်တယ်။ မဟုတ်ရင် ကူးအတွက် လည်း မကောင်းသလို သုတ အတွက်ပါ မကောင်းချေ!!

 ချစ်ခြင်းမေတ္တာဟူသည် / ချစ်ခြင်းမေတ္တာဟူသည် ( U & Z ) { COMPLETED}Where stories live. Discover now