Episode 19 { Unicode }

78 4 0
                                    

ဉီးမျိုးမင်းဉီး တို့ ပန်းလှိုင်ဆေးရုံကြီး ကို ရောက်တော့ ဆေးရုံက သူနာပြုမလေးတွေကို မေးကာ ခွဲခန်းရှိရာကို တတ်လာကြသည်။ ခွဲခန်းရှေ့ ရောက်တော့

- အစ်ကိုကြီး! မမဖြူ

- မျိုးမင်း!!!

- အစ်ကိုကြီး သားငယ်လေး ခွဲခန်းဝင်တာ ကြာပြီလားဟင်။ မကြာသေးရင် အခုချက်ချင်း ခွဲစိတ်မှုကို ရပ်လိုက်ပါ။ ကျွန်တော် တောင်းပန်ပါတယ်။ အခုချက်ချင်း ရပ်ခိုင်းလိုက်ပါ။

အစ်ကိုဖြစ်သူရဲ့ လက်ကို ဆုပ်ကိုင်ကာ ခွဲစိတ်မှုကို ရပ်ခိုင်းနေသော ဉီးမျိုးမင်းဉီးကြောင့် ခွဲခန်းရှေ့က လူတွေ အားလုံး ​ကြောင်အနေကြသည်။

နိုင် - အန်ကယ်လေး  ဘာများ ဖြစ်လို့လဲ။ ဘာလို့ ခွဲစိတ်မှုကို ရပ်စေချင်တာလဲ။

နိုင် မေးလိုက်တော့ ဉီးမျိုးမင်းဉီး ရဲ့ အကြည့်တွေက နိုင့် ဆီ

- မင်းကြောင့်လေ မင်းကြောင့်။ မင်းလို အကောင် က ငါ့တူ အချစ်နဲ့ မတန်ဘူး။ မင်း က မင်းချစ်သူ မိုးနှောင်းမောင် ကို အသက်ရှင်ချင်တာနဲ့ ငါ့တူကို ​ကျောက်ကပ်လှူခိုင်းတာမလား။

အကုန်လုံးရဲ့ အကြည့်တွေက နိုင့် ဆီ ကို ရောက်လာပြန်သည်။

- ဘာစကားလဲ!!

သူတို့ အချင်းများနေတုန်း ခွဲခန်းထဲမှ သူနာပြု ၂ယောက် ပြေးထွက်လာကြသည်။

ဆွေဉီး -  ဘာပြဿနာများ ရှိလို့လဲ မသိဘူး။

- အစ်ကိုကြီး သားအငယ် က ထုံဆေးရော မေ့ဆေးရော ဓာတ်မတည့်ဘူး။ ပြီးတော့ အစ်ကိုကြီးလိုပဲ သားငယ်လေးမှာ သွေးအားနည်း ရောဂါ ရှိတယ်။

- ဘာ!!!

- ကျွန်တော် တားဖို့ လာတာ မမှီတော့ဘူး။

နိုင် - ......

- မင်း ချစ်သူ အသက်ပြန်ရှင်လာပေမယ့်။ ငါ့တူ ကတော့ အသက်ပြန်ရှင်မှာ မဟုတ်တော့ဘူး။

နိုင် - မဟုတ်ဘူး။ မိုးဆောင်း... အခုချက်ချင်း ခွဲစိတ်တာကို ရပ်မယ်။ ရပ်မယ်။

နိုင် ခွဲခန်းတံခါးကို တဘုန်းဘုန်းထုရိုက်ကာ အော်ပြောနေသည်။

 ချစ်ခြင်းမေတ္တာဟူသည် / ချစ်ခြင်းမေတ္တာဟူသည် ( U & Z ) { COMPLETED}Where stories live. Discover now