Episode 10 { Zawgyi }

164 14 0
                                    

နိုင် သူရဲ့ မတင်မကျ ဖြစ်နေတဲ့ ကိစ္စကြီးကို သူငယ်ချင်းတွေထံ ရင်ဖွင့်တော့

လင်း - ယူ က ယူ့မောင် ကို မမေ့နိုင်သေးဘူးပဲ။

ပြေ - မင်း မမေ့နိုင်ရင် ဘာလို့  မိုးဆောင်း ကို လက်ထပ်ခဲ့တာလဲ။ မင်း တို့ နှစ်ယောက်ကြား မိုးဆောင်းက ကြားညှပ်နေတာနော်။

ညှို့ - မင်း အခုချိန်မှာ မိုးဆောင်းကို ကွာရှင်း လိုက်ပါလား။

နိုင် - မဖြစ်နိုင်တာ။ ငါ ဘယ်တော့မှ မိုးဆောင်းကို ကွာရှင်းမှာ မဟုတ်ဘူး။

ညှို့ - ဘာလို့လဲ။ မင်း ရှေ့ဆက်ပြီး ဒီလိုနေသွားလို့ မရဘူး။  မင်းတို့ လက်ထပ်ထားတာ ၂နှစ်တောင် ပြည့်တော့မယ် အခုထိ မင်းတို့ အခန်းခွဲအိပ်တုန်း။ မိုးဆောင်း မေးလာရင် မင်း ဘယ်လိုဖြေမှာလဲ။ သူလည်း ယောကျာ်းတစ်ယောက်နော်။

နိုင် - ငါ သိတယ် ဒါပေမယ့် မိုးဆောင်း ကို ငါ မချစ်ပဲ သူ့အသွေးအသားကို မယူချင်ဘူး။

လင်း - ယူ ဘာဖြစ်ချင်နေတာလဲ။ မိုးဆောင်း နေရာမှာ တို့သာဆို ယူ့ကို ကွာရှင်းပြီးပြီနော်။

ပြေ - နိုင် အချိန်တွေလည်း ကြာလှပြီ။ အခုဆို မိုးနှောင်းမောင်က မင်းကို မေ့နေလောက်ပြီ။ မင်း ဒီ၀ဲဂယက်ထဲ လှောင်ပိတ်မနေနဲ့တော့။ ကိုယ့်ဘေးနားမှာ ရှိတဲ့လူကို မင်းဂရုစိုက်လိုက်။ ချစ်ဖို့တော့ ငါမပြောလိုဘူး အချစ်ဦး ကို မြေးဦးရတဲ့ အထိ မမေ့ဘူး ဆိုတာ ငါလက်ခံတယ်။  မင်း မိုးနှောင်း ကို ချစ်တယ်ဆို ဆက်ချစ်လိုက်။ ဘေးနားက လူကိုတော့ လျစ်လျူမရှုနဲ့။

နိုင် - ကျစ် ငါ သူ့ကို မချစ်တော့ပါဘူး။ ငါ သူ့ကို မုန်းတယ်။

ညှို့ - ချစ်လွန်း အားကြီးလို့ မုန်းတာပါ။ မင်းက မုန်းတယ်တာ ပြောတာ မင်း အတွေးထဲ သူက အချိန်ပြည့် စိုးမိုးနေတာမလား။

နိုင် - မသိတော့ဘူးကွာ။ ငါ စိတ်ညစ်လို့မှ မင်းတို့ကို ရင်ဖွင့်ပါတယ်ဆို။ ဟင်

ညှို့ - ဘာဖြစ်တာတုန်း

နိုင် ကြည့်တဲ့နေရာကို သူတို့ပါ လှမ်းကြည့်တော့ မိုးဆောင်းမောင် နဲ့ ကောင်မလေး တစ်ယောက်။ သူတို့ နိုင့်ကို ကြည့်လိုက်တော့ အလိုမကျသော မျက်နှာဖြင့် ထိုသူနှစ်ယောက်ကို ကြည့်နေသည်။

 ချစ်ခြင်းမေတ္တာဟူသည် / ချစ်ခြင်းမေတ္တာဟူသည် ( U & Z ) { COMPLETED}Where stories live. Discover now