Episode 20 { Zawgyi }

243 13 2
                                    

နိုင် - ဒီပန်းချီကားကို လိုချင်နေတာ ဘယ်သူများလဲလို့ မအင်ကြင်းလှိုင် ဖြစ်နေတာကို

- ကိုသုတ!! လှိုင်  Maple ရဲ့ ပိုင်ရှင်က ဦးမိုးဆောင်းမောင် လို့ သိထားတာ

နိုင် - ဟုတ်ပါတယ်။ ကျွန်တော့် အမျိုးသားလေးကို ကျွန်တော်က မွေးနေ့လက်ဆောင်ပေးထားတာပါ။ မအင်ကြင်းလှိုင် ကြိုက်တဲ့ ပန်းချီကား တစ်ကားရွေးလိုက်ပါ။ ကျွန်တော် လက်ဆောင်ပေးပါမယ်။

- လှိုင်က ခနက ပန်းချီကားကိုပဲ လိုချင်တာ။

ညုတုတုလေး ပြောလာတော့ နိုင် ဘ၀င်မကျတော့ပေ။ သူတောင် ဒီပန်းချီကားတွေ တခြားသူ လက်ထဲ ရောက်မှာစိုးလို့ အမည်မဖော်လိုသူ အမည်ဖြင့် ၀ယ်ထားရတာ။ ရောင်းစရာလား။

နိုင် - Sorry ကိုယ့် အမျိုးသားလေးရဲ့ ရွှေလို တန်ဖိုးရှိသော လက်နဲ့ ရေးဆွဲထားတဲ့ ပန်းချီကားတွေကို မရောင်းနိုင်ပါဘူး။

အမျိုးသားလေး ဆိုတာကို ပါးစပ်ဖျားက မချ ပြောနေသော သူကြောင့် အင်ကြင်းလှိုင် စိတ်မကြည်တော့ပေ။

- ကိုသုတ ရဲ့ အမျိုးသားကိုတောင် တွေ့ချင်လာပြီ။

နိုင် - မကြာခင် တွေ့ရမှာပါ။ မအင်ကြင်းလှိုင် ကြိုက်တဲ့ ပန်းချီကား တစ်ကား ယူသွားပြီ။ ဒီနေ့ အမျိုးသားလေး ပြန်သတိရတဲ့ နေ့ အထိမ်းအမှတ်မို့ လက်ဆောင်ပေးလိုက်တာပါ။ ထွေထွေထူးထူး မရှိရင် ခွင့်ပြုပါအုံး

အမြန်နှုတ်ဆက်ကာ ရုံးခန်းထဲမှ ထွက်လာခဲ့သည်။ အပြင်ဘက်က အရောင်းစာရေးလေးတွေကိုလည်း သေချာမှာခဲ့ရသေး။

အင်ကြင်းလှိုင် တစ်ယောက်ကတော့ သူလိုချင်တဲ့ ပန်းချီကားက သူတစ်ဖက်သတ်ချစ်နေသော လူရဲ့ အမျိုးသားဆွဲတဲ့ ပန်းချီကားမို့ လှည့်တောင် မကြည့်တော့ပေ။ အဲ့အစား တခြား ပန်းချီဆရာရဲ့ ပုံကိုတာ ယူသွားလေသည်။
//////////////////////////////////////////////
ချစ်မင်း ရဲ့ ခေါ်ဆိုမှုကြောင့် မိုးနှောင်း၊ ရနောင်၊ မျိုးနောင်၊ ဆွေရိပ်၊  သီသီဟန် အပြင် ပြေဇင် ၊ လင်းလေပြေ ၊ ညှို့ တို့ ရောက်လာကြသည်။

သီဟန် - ဘာပြောမလို့လဲ ချစ်မင်း

ချစ်မင်း - ငါတို့ နိုင် နဲ့ မိုးဆောင်း အကြား ခလောက်ဆန်ဖို့ လူတစ်ယောက်လိုတယ်။ နိုင့် အချစ်တွေ ဖွင့်ဟလာဖို့ အတွက်

 ချစ်ခြင်းမေတ္တာဟူသည် / ချစ်ခြင်းမေတ္တာဟူသည် ( U & Z ) { COMPLETED}Where stories live. Discover now