Episode 9 { Zawgyi }

147 15 1
                                    

မိုးဆောင်း အခုဆို စိမ့်ရူပါနိုင် ဆိုသော ကောင်မလေးကို ပုံဆွဲ သင်ပေးနေတာ ၃ လနီးပါး ရှိပြီ။

ထိုသို့ သင်ပေးနေတာ ကိုကိုကြီး သိသွားမှာကိုလည်း ကြောက်သည်။ ကိုကိုကြီး သာ သိသွားရင် မိုးဆောင်း ကို ပြောလို့ဆုံးတော့မှာ မဟုတ်!

စိမ့် - ဆရာ

မိုးဆောင်း - ပြောလေ စိမ့်

စိမ့် - စိမ့်တို့ သူငယ်ချင်းတွေ လှည်းတန်း သွားမလို့ လိုက်ခဲ့ပါလား။

မိုးဆောင်း - ကိုယ် မလိုက်တော့ပါဘူး။ စိမ့် တို့ ဘာသာ သွားကြပါ။

စိမ့် - ဟွန်း ဆရာကလည်း စိမ့် တို့ ဘယ်ခေါ်ခေါ် မလိုက်ဘူး။  ဆရာ့ရဲ့ ကိုကိုကြီး ဆိုသူ ကို လိုက်ပြောပေးရမလား။

မဖြစ်ပေ! ကိုကိုကြီး ကို စိမ့် သာ ခွင့်တောင်းလိုက်ရင် ကျွန်တော် မိုးဆောင်းမောင် နောက်နေ့ နေထွက်တာကို မြင်ရမည် မထင်။ သူ့စကားနားမထောင်လို့ ဆိုပြီး နှင်ထုတ်မှ ဟုတ်ပေ့  ဖြစ်နေလိမ့်မည်။

မိုးဆောင်း - မဟုတ်တာ။ ကိုကိုကြီး က သွားခိုင်းပါတယ်  ကိုယ်က ပျင်းလို့ မသွားချင်တာ။ ဟိုမှာ နေကတည်းက ကိုယ်က အိမ်ထဲက အိမ်ပြင်ကို မထွက်ဘူး

စိမ့် - ဟုတ်ပါပြီ။ အခုတော့ မလိုက်ချင် မလိုက်နဲ့။  စိမ့်မွေးနေ့ ကျရင်တော့ လိုက်ရမယ်နော်။

မိုးဆောင်း - အင်း အဲ့နေ့ကျရင်တော့ ကိုယ်လိုက်ခဲ့ပါမယ်။ ဒါဆို ကိုယ် ပြန်တော့မယ်နော်။

ပန်းချီ ပစ္စည်းတွေကို သိမ်းပြီးနောက် မိုးဆောင်း ထိုခြံထဲမှ ထွက်လာလိုက်သည်။ ထွက်သွားသော ဆရာ့ ကျောပြင်ကို ကြည့်ပြီး

စိမ့် - ဆရာ ကို စိမ့် ချစ်မိနေပြီ ဆရာရယ်။

စိမ့် သည် အချိန်ကြာလာတဲ့ နှင့်အမျှ မိုးဆောင်း အပေါ် မရိုးမသား စိတ်တွေ ဖြစ်လာခဲ့ပြီ။

မိုးဆောင်း ကလည်း သူနဲ့ နိုင့် အကြောင်း ကို ဖုန်းကွယ်ထားသည်။ အမှန်တော့ မိုးဆောင်း ပြောချင်ပေမယ့် ကိုယ်နေတဲ့ နေရာက အနောက်နိုင်ငံကလိုမျိုး မဟုတ်တဲ့ အတွက် မပြောဖြစ်ပေ။

 ချစ်ခြင်းမေတ္တာဟူသည် / ချစ်ခြင်းမေတ္တာဟူသည် ( U & Z ) { COMPLETED}Where stories live. Discover now