Episode 8 { Unicode }

68 5 1
                                    

- သားတို့ တကယ်ပဲ စဉ်းစားပြီးပြီလား

နိုင် - ဟုတ်ကဲ့ ကျွန်တော် သေချာစဉ်းစားပြီးမှ မိုးဆောင်းကို လက်ထပ်ဖို့ လုပ်တာပါ။

- သား မိုးဆောင်း ကရော

မိုးဆောင်း - ကျွန်တော်က ကိုကိုကြီး သဘောပါပဲ။

- ကောင်းပြီ။ ဒါဆို သားတို့ မင်္ဂလာပွဲကို ဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ။

နိုင် - မိသားစု ရှေ့နေရှေ့မှာ လက်မှတ်ထိုးပြီး ဘုန်းကြီးငါးပါး ပင့်ပြီး မင်္ဂလာဉီးဆွမ်းကပ်မယ်။ အဆင်ပြေတယ်မလား မိုးဆောင်း။

မိုးဆောင်း - ဟုတ် ပြေပါတယ်။

နိုင် - ပြီးတော့ သားတို့ လက်ထပ်ပြီးရင် အိမ်ခွဲနေချင်တယ်။ ဒါကို Daddy တို့ သဘောတူပေးပါလား။

- သားတို့ လွတ်လွတ်လပ်လပ် နေချင်နေကြပါ။ Daddy တို့ ခွင့်ပြုပါတယ်။ သား အဖိုးရဲ့ ဘုန်းမြေကမ္ဘာစံအိမ်မှာ သွားနေကြပေါ့

- ဒီညတော့ သားမိုးဆောင်းလေး ကို သားအခန်းထဲမှာ အိပ်ခိုင်းလိုက်တော့။ မနက်ဖြန်မှ မာမီ အခန်းရှင်းပေးမယ်။ ရတယ်မလား

နိုင် - ဟုတ် ရပါတယ် မာမီ

နိုင့် မိဘတွေက နိုင့် ဖြစ်တည်မှုကို လက်ခံပေးလို့ အခုလို မိုးဆောင်းနဲ့ လက်ထပ်မှာကိုလည်း မကန့်ကွက်ပေ။ မိုးဆောင်းလေးကို မြေးအရင်းထက် ပိုချစ်သော ဖွားကတော့ ရောက်ကတည်းက မိုးဆောင်း ကို သူ့အနားပဲ ခေါ်ထားလေသည်။

ဖွား အဲ့လိုတွေ ခေါ်ထားမှာ ဆိုးလို့  တမင်ကို အိမ်ခွဲနေတာ။

ညဥ့်နက်လာပြီမို့ မိုးဆောင်းကို ခေါ်ကာ အပေါ်ထပ်ကို တတ်လာလိုက်သည်။

နိုင် - ရေချိုးချင် ချိုးလိုက်။

မိုးဆောင်း - ဟုတ်ကဲ့

မိုးဆောင်း  အ၀တ်အိတ်ကို ဖွင့်ကာ ရေချိုးပြီးရင် လဲဖို့ အ၀တ်အစားပါ တစ်ခါတည်း ယူသွားသည်။

နိုင်ကတော့ ကုတင်ပေါ်မှာ ထိုင်ပြီး ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေသည်။

နာရီဝက်လောက်ကြာတော့ မိုးဆောင်း ရေချိုးခန်းထဲမှ ထွက်လာခဲ့သည်။

 ချစ်ခြင်းမေတ္တာဟူသည် / ချစ်ခြင်းမေတ္တာဟူသည် ( U & Z ) { COMPLETED}Where stories live. Discover now