Episode 13 { Zawgyi }

167 15 0
                                    

မိုးဆောင်း - ကိုကို့ ကို ဘာလို့ မောင် လို့ခေါ်ရတာလဲ။

နိုင် - သူအမည် မိုးနှောင်းမောင် မလား။ အဲ့တော့ အဖျားစွတ်ပြီး မောင် လို့ ခေါ်တာ။

မိုးဆောင်း - အော် ကျွန်တော့် အမည်မှာလည်း မောင် ပါတယ်။ ကျွန်တော့်ကို လည်း အဲ့လို ခေါ်ပါလား။

နိုင် မျက်နှာ မပျက်အောင် မနည်းထိန်းနေရသည်။ ဒီကောင်လေး ဘာများ သိထားလို့လဲ။ ဘာလို့ ဒီလိုတွေ မေးနေရတာလဲ။

နိုင် - ကိုယ် သူ့ကို ခေါ်လာတာက ဟိုးအရင်ကတည်းကလေ။ နှုတ်ကျိုးနေပြီ။

မိုးဆောင်း - အင်းပါ ကျွန်တော် ဗိုက်၀ပြီ ဆေးရုံထဲ ပြန်သွားတော့မယ်။

နိုင် - အင်း ကိုယ် ညနေကျမှ လာခေါ်မယ်။

မိုးဆောင်း - ရတယ်၊ စိမ့် နဲ့ တွေ့ဖို့ ချိန်းထားလို့

နိုင် မျက်မှောင်ကြုတ်လိုက်မိသည်။

နိုင် - စိမ့်ရူပါနိုင် နဲ့ မပေါင်းနဲ့

မိုးဆောင်း - ဘာလို့လဲ။

နိုင် - မင်းတို့နှစ်ယောက်ကို ပတ်၀န်းကျင်က တစ်မျိုးပြောကြမယ်။ အခုဆို မင်းက ECHO Com ပိုင်ရှင်ရဲ့ ယောကျာ်းမှန်း သိနေကြပြီလေ

မိုးဆောင်း - ကျွန်တော် တို့က ကိုယ့်လိပ်ပြာကိုယ်လုံတယ်။ တခြားသူတွေလို မဟုတ်ဘူး။

နိုင် - မိုးဆောင်း!

မိုးဆောင်း - ဒီရက်ပိုင်း ကျွန်တော့် ကို လွှတ်ထားပေးပါ ကိုသုတဘုန်းနိုင်!!

အမည် အပြည့်အစုံပါ ခေါ်လာတာမို့ နိုင် မယုံကြည်နိုင်ခြင်း များစွာဖြင့် မိုးဆောင်း ကို လှမ်းကြည့်မိသည်။

နိုင် - မိုးဆောင်း မင်း ဘာဖြစ်နေတာလဲ။ မနေ့က ကိစ္စကြောင့်လား။ မနေ့က ကိစ္စကြောင့် ဆိုရင် ကိုယ်တောင်းပန်ပါတယ်။ မင်း ကို ကိုယ် မကာကွယ်ပေးနိုင်တဲ့ အတွက်

မိုးဆောင်း - ရတယ်။ ကာကွယ်ပေးစရာမလိုဘူး။ မိုးဆောင်းမောင် ဆိုတဲ့ ကျွန်တော် က ငယ်ငယ်ကတည်းက ဘယ်သူရဲ့ ကာကွယ်ပေးမှုကိုမှ မရခဲ့တဲ့ အတွက် အခုကိစ္စကိုလည်း ၀မ်းမနည်းဘူး။ ဒါကြောင့် ကိုကိုကြီး စိတ်ထဲ ဘာမှ မထားပါနဲ့။

 ချစ်ခြင်းမေတ္တာဟူသည် / ချစ်ခြင်းမေတ္တာဟူသည် ( U & Z ) { COMPLETED}Where stories live. Discover now