Episode 5 { Zawgyi }

171 12 0
                                    

- မင်း အိမ်ပြန်သင့်နေပြီ

၃ရက်ရှိပြီ။ သူ့အိမ်သူ မပြန်ပဲ ဆေးရုံမှာ သောင်တင်နေသော ကောင်လေးကို အိမ်ပြန်ခိုင်းရသည်။

မဟုတ်ရင် သူ့အိမ်ကလူတွေ စိတ်ပူနေပေလိမ့်မည်

- ကိုကိုကြီး က ကျွန်တော့် ကို နှင်နေတာလား။

- နှင်နေတာမဟုတ်ဘူး မိုးဆောင်း။ မင်း ဘာမပြော ညာမပြောနဲ့ ထွက်လာတယ်။ အခုချိန် မင်းကို အရမ်းချစ်တဲ့ မင်းရဲ့ ဦးငယ် ဘယ်လောက်ထိ ပူဆွေးနေမလဲ။ မင်း အမေလည်း ဘယ်လောက်ထိ စိတ်ပူနေမလဲ။

- ကိုယ်ပြောပြမယ်။ ဘယ်မိဘမဆို သားသမီး ကို ချစ်တယ်။ မိုးဆောင်းလေးရဲ့ ဖေဖေ လည်း မိုးဆောင်းကို ချစ်မှာပါ။ ဦးလေးက သူ့အချစ်တွေကို ထုတ်မပြလို့သာ မိုးဆောင်းလေးက မချစ်ဘူး ထင်နေတာ။ တကယ်တော့ ဦးလေးက မိုးဆောင်းတို့ ညီအစ်ကို နှစ်ယောက်လုံး ကို ချစ်ပါတယ်။

- အဖေ က ကိုကို့ ကို ပိုချစ်တာ။ ကိုကို ဘာဆို ချက်ချင်း၀ယ်ပေးတယ်။ လုပ်ပေးတယ်။ ကျွန်တော်ကျ အဲ့လို မဟုတ်ဘူး။

- မင်း ဦးနှောက်သေးသေးလေး နဲ့ မဟုတ်တာတွေ မစဥ်းစားနဲ့။ ကဲ ထ မင်းကို ငါကိုယ်တိုင် ပြန်ပို့ပေးမယ်။

ပေကပ်ကပ် ထိုင်နေသော မိုးဆောင်း ကို မနည်းဆွဲထူပြီး အိမ်ပြန်လိုက်ပို့ရသည်။

မိုးဆောင် အိမ်ရောက်တော့ အန်ကယ်လေးရော အမေ က မျက်ရည်တွေ ၀ဲစွာဖြင့် မိုးဆောင်းကို ပွေ့ဖက်လာသည်။

- သားနိုင် လာထိုင်

- ဟုတ်ကဲ့ ဦးလေး။

အလွမ်းသယ်နေသော လူ၃ယောက်ကို ကြည့်ကာ ဦးမျိုးလှိုင်ဦး ခေါင်းခါမိသည်။  အလွမ်းသယ်လို့ ၀ကာမှ ထိုင်ခုံပေါ်မှာ ၀င်ထိုင်ကြပြီး

- သားနိုင် ဘယ်လိုဖြစ်ပြီး သားငယ်လေးနဲ့ တွေ့ကြတာလဲ။

- မိုးဆောင်း က အားတဲ့ အချိန် ကျွန်တော့်အဖိုးကို လာအဖော်ပြုပေးနေကြ။

- အော်။ မင်း သူငယ်ချင်း မိုးနှောင်းလည်း ဒီနေ့ ရောက်လာမယ်တဲ့။ သူ့တို့ မိသားစုလိုက်

 ချစ်ခြင်းမေတ္တာဟူသည် / ချစ်ခြင်းမေတ္တာဟူသည် ( U & Z ) { COMPLETED}Where stories live. Discover now