Episode 4 { Unicode }

88 9 0
                                    

ဒေါ်လင်းလက်ဖြူ ဆေးရုံက ဆင်းပြီး နောက်ရက်မှာပဲ အတာကူး ဆိုတဲ့ ကလေးမလေးအိမ်ကို သွားကာ စေ့စပ်ကြောင်းလမ်း လိုက်ရသည်။ သူငယ်ချင်းတွေ ဖြစ်နေတော့ ပြေပြလေည်လည်သာ ပြီးသွားလို့ တော်သေး

မိုးနှောင်းမောင် နဲ့ အတာကူး တို့ ကို စေ့စပ်ပေးထားပြီး ကလေးမွေးပြီးသော အခါမှ လက်ထပ်ပေးရန် နှစ်ဖက်မိဘတွေ တိုင်ပင် ဆွေးနွေးကြသည်။

ဆွေရိပ် က လက်ထဲမှာ ကိုင်ထားသော ဗူးလေးကို မောင့် ထံ ပေးလိုက်တော့

ရနောင် - ဟိုနေ့က သုတက ငါတို့ဆီ လာပြီး မင်းတို့အတွက် မင်္ဂလာလက်ဖွဲ့ဆိုပြီး ပေးသွားတာ။

မောင် ဟာ ထိုဗူးလေးကို ရင်ခွင်ထဲ ပိုက်ထားလိုက်သည်။

ဆွေရိပ် - မနေ့က ပဲ သုတ သြစီကို ထွက်သွားခဲ့ပြီ။ ငါတို့ သွားတောင်းပန်ပေမယ့် သုတ က တွေ့ခွင့်မပေးခဲ့ဘူး။

ရနောင် - ငါတို့ တောင်းပန်ပါတယ် မိုးနှောင်း။ ငါတို့သာ အဲ့နေ့က အတင်းမတိုက်တွန်း ရင် ဒီပြဿနာတွေ ဖြစ်လာမှာ မဟုတ်ဘူး။

မောင် - ပြီးတာတွေလည်း ပြီးခဲ့ပြီ။ ထားလိုက်ပါတော့

သီသီဟန် - ကူး နဲ့ရော အဆင်ပြေလား။

မောင် - ပြေပါတယ်။ ကူး က ကလေးအတွက် အဖေရှိရင် ရပြီတဲ့။ ငါ နဲ့ နိုင့် ကို အဆက်အသွယ် လုပ်ချင် လုပ်တဲ့။ အဟက် ငါသာ အဲ့လို သွားလုပ်ကြည့် နိုင် က ငါ့ကို ရွံ့သွားမှာ။

မောင် - ငါနဲ့ ကူး စင်္ကာပူမှာ ကျောင်းသွားတတ်တော့မယ်။ မင်းတို့ ကို နှုတ်ဆက်ပါတယ်။

မျိုးနောင် - အင်း။ ကူး မီးဖွားခံနီး ငါတို့ လာခဲ့မယ်။

မောင် - အင်း

ရနောင် - ဒါဆို ငါတို့ ပြန်တော့မယ်။

သူငယ်ချင်းတွေ ပြန်သွားပေမယ့် မောင် ကတော့ ထိုနေရာမှ မထသေး။ သူဆီ ဘာမှ မရှိတော့ဘူး။ နိုင် လည်း မရှိတော့သလို အဖေ ရဲ့ ယုံကြည်ခြင်းတွေလည်း မရှိတော့ဘူး။

ဆယ်တန်းကို All-D နဲ့ အောင်သလို ဆေးမှတ်လည်း မှီပေမယ့် မပျော်နိုင်ဘူး။ နိုင် လည်း All-D နဲ့ အောင်တာ သိရပေမယ့် ဘယ်မေဂျာ ယူလည်း ဆိုတာ မသိရ...

 ချစ်ခြင်းမေတ္တာဟူသည် / ချစ်ခြင်းမေတ္တာဟူသည် ( U & Z ) { COMPLETED}Where stories live. Discover now