Episode 22 { Zawgyi }

194 11 0
                                    

မိုးဆောင်း - အဲ့တော့ ဒါက အတုကြီးပေါ့

နိုင် - အင်း

မိုးဆောင်းက တအီအီနဲ့ ငိုနေတာမို့ နောက်ဆုံး သူတို့ တွေ အမှန်တိုင်း ဖွင့်ပြောလိုက်ရသည်။

အဖြစ်မှန်တွေ သိသွားတော့ မိုးဆောင်း မှာ ငိုနေရာမှ တိခနဲ ရပ်တန့်သွားပြီး မျက်လုံးအပြူးသားနဲ့ ထိကိုင်ကြည့်တော့ နိုင် က နာကျင်မှုဒဏ်ကို မခံစားရဘူးဆိုကာမှ တကယ်မဟုတ်မှန်း လက်ခံခဲ့သည်။

မိုးဆောင်း - ဘာလို့ ဘာလို့ လိမ်ရတာလဲ။ ကျွန်တော် ဘယ်လောက်ထိ စိုးရိမ်သွားရလဲ။ ဘယ်လောက်ထိ....အီး ဟီး ကိုကိုကြီး မကောင်းဘူး။ အစ်ကိုတို့လည်း မကောင်းဘူး။ အင့်

ခနကမှ အငိုတိတ်သွားသော ကောင်လေးက ပြန်ငိုလာပြီး နိုင့် ရင်ဘက်ကို ထုကာ ထပ်ငိုပြန်သည်။

နိုင် - အ့! တော်ပြီ မိုးဆောင်း ရ! မင်း ထုတာ ကိုယ် ရင့်ဘက်တွေ အတော်နာနေပြီ။

မိုးဆောင်း - ခံပေါ့၊ ဘာလို့ ညာရတာလဲ။

နိုင် - မင်း ဘယ်လောက်ထိ ကိုယ့်ကို ချစ်လဲ ဆိုတာ စမ်းသပ်လိုက်တာပါ။

မိုးဆောင်း - ......

မိုးဆောင်း , နိုင့် ကို ကြည့်ကာ ဘာစကားမှ မပြောနိုင်ပေ။ သူ့ အချစ်ကို ကိုကိုကြီး က မယုံတာလား။

မိုးဆောင်း  - ကျွန်တော့်ကို ကိုကို့ကြီး မယုံတာလား။

နိုင် - မဟုတ်ဘူး မိုးဆောင်း။

မိုးဆောင်း - ကိုကိုကြီး အတွက် ကျွန်တော် က ဘာလဲ မသိပေမယ့် ကျွန်တော့် အတွက်တော့ ကိုကိုကြီး က တစ်ဦးတည်းသော ချစ်ရသူပဲ။  ကျွန်တော့် ဘ၀မှ ပထမဦးဆုံး ချစ်ဖူးတဲ့ သူ အချစ်ဦး နဲ့ အချစ်ဆုံးပါ။

နိုင် - ကိုယ့် အတွက်လည်း မင်း က တန်ဖိုးရှိပါတယ်။ မင်း အကြောင်း အန်ကယ်လေး ဆီက ကြားလိုက်ရချိန် ကိုယ် ရူးမတတ်ပဲ။ အဲ့အချိန်မှာ ကိုယ်မင်းကို ဆုံးရှုံးရတော့မယ် ထင်နေခဲ့တာ။  ကျေးဇူးပါ ကိုယ့်ဆီ ပြန်လာပေးလို့။ တကယ် ကျေးဇူးတင်တာပါ။

မိုးဆောင်း ရဲ့ နဖူးလေးထက် အနမ်းတစ်ပွင့်ခြွေချလိုက်ပြီး

 ချစ်ခြင်းမေတ္တာဟူသည် / ချစ်ခြင်းမေတ္တာဟူသည် ( U & Z ) { COMPLETED}Where stories live. Discover now