Episode 15 { Zawgyi }

165 11 0
                                    

နိုင် - ဘာကိစ္စနဲ့ ငါ့ကို Bar ဆွဲခေါ်လာတာလဲ လင်းလေပြေ

လင်း - ယူ့ကို မေးမလို့။ ယူ ဖောက်ပြန်နေတာလား

နိုင် - ဘာ!!! လင်းလေပြေ နင် ဘာစကားပြောတာလဲ ဟမ်။ ငါ့ဘ၀မှာ ဖောက်ပြန်တာကို ငါ ဘယ်လောက်ထိ မုန်းတယ် ဆိုတာ နင်မသိတာလဲ မဟုတ်

လင်း - ဟုတ်တယ် ယူ မုန်းတာကို တို့သိတယ်။ ဒါပေမယ့် ဘေးလူတွေ အမြင်၊ မိုးဆောင်းလေး အမြင် မှာ ယူ နဲ့ သူ ဖောက်ပြန်နေတယ် လို့ ထင်နေကြတာရော ယူသိလား။

လင်း - သူနေမကောင်းတာနဲ့ အိမ်က လူကို ပစ်ပြီး နေ့မနား ညမနား ဆေးရုံထိ သွားသွားကြည့်နေတဲ့ ယူ မိုးဆောင်းလေး ရဲ့ စိတ်ထဲ ဘယ်လိုရှိမလဲ ယူ တွေးဖူးလား။

လင်းလေပြေ က သူ့ရင်ဘက်ကို လက်ညှိုးနဲ့ ထိုးကာ ပြောလာသည်။

ညှို့ နဲ့ ပြေဇင် ရောက်လာတော့ လင်းလေပြေ က ပွဲကြမ်းနေပြီမို့ သူတို့ အသာလေး ၀င်ထိုင် လိုက်ကြပြီး ပွဲကြည့် ပရိသတ်တာ လုပ်နေလိုက်သည်။

လင်း - မနေ့ညက ယူ မူးပြီး မိုးဆောင်းလေးကို ဘာတွေ ပြောမိလဲ သိလား။

နိုင် - ငါ ဘာပြောလို့လဲ။

ထိုအခါမှ နိုင် က တစ်ဖက်ခုံမှာ ထိုင်နေသော ညှို့ တို့ကို ကြည့်လာသည်။ ညှို့ တို့ သက်ပြင်းချကာ

ညှို့ - မင်း မနေ့ညက မူးနေလို့  မိုးဆောင်းလေး လာတွဲချိန် မိုးဆောင်း ကို မင်းတွန်းထုတ်လိုက်ပြီး ကိုယ့်အစ်ကို ကိုတောင် ကျောက်ကပ်မပေးချင်တဲ့ လူက ငါ့အသားကို မထိနဲ့ ရွံ့တယ်တဲ့။

ပြေဇင် - မိုးဆောင်းလေးဆို မျက်နှာလေးကို ညှိုးနွမ်းလို့ကွာ

လင်း - ယူ ပြောပါအုံး။ ဘာလို့ အဲ့လိုပြောရတာလဲ။

နိုင် - ငါ...ငါ

ပြေဇင် - မင်း ပြောတော့ မိုးဆောင်း မှာ မင်းပဲ ရှိတယ်ဆို! မင်း ဘာလို့ မိုးဆောင်း အပေါ် အဲ့လို ပြောရတာလဲ။ အကယ်၍ မိုးနှောင်းမောင် ကို သူ​ပေးလိုက်ပြီ ထား သူရော မိုးနှောင်းမောင် လို ဖြစ်လာရင် ဘယ်လို လုပ်မလဲ။ 

ပြေဇင် - မိဘတွေရဲ့ စွန့်ပစ်ခြင်း ခံရတဲ့ ကလေး၊ မင်း မျက်နှာနဲ့ ဒီမှာလာနေပြီး အပေါင်းအသင်းမိတ်ဆွေ မရှိတဲ့ ကလေး၊ မင်း တစ်နေကုန် တစ်နေကန်း မိုးနှောင်းမောင် အနားနေနေတဲ့ အချိန် မိုးဆောင်းလေး ဘယ်လိုနေမလဲ။ သူ့စိတ်ထဲ ဘယ်လိုတွေ တွေးနေမလဲ။ မင်းက အမြဲ မိုးဆောင်းလေးကို စကားနဲ့ အနိုင်ပိုင်းတယ်။ လိမ္မာနော်၊ ကိုယ့်စကားကို နားထောင်၊ အဲ့ဒါမှ ကိုယ်က ချစ်မှာနော် ဆိုတဲ့ စကားက မိုးဆောင်းလေး မပြောနဲ့ ငါတို့ ဘေးလူတွေ အတွက်ပါ အသက်ရှူကြပ် စေတယ် နိုင်!!!

 ချစ်ခြင်းမေတ္တာဟူသည် / ချစ်ခြင်းမေတ္တာဟူသည် ( U & Z ) { COMPLETED}Where stories live. Discover now