Episode 17 { Zawgyi }

196 11 0
                                    

လင်း - သုတဘုန်းနိုင်!!!

နိုင် - ဘာတုန်း

လင်း - နင်တော်လိုက်တော့ နင်​ဖြုန်းတီးတာနဲ့ ငါ့ ဂျုံမှုန့်တွေ ကုန်တော့မယ်။ ဖယ် ငါပဲ ကိတ်မုန့် လုပ်ပေးမယ်။

နိုင် - မရပါဘူး ငါ ကိုယ်တိုင် လုပ်မှာ

လင်း - အချိန်ကို ကြည့်အုံး ညနေ ၆နာရီတောင် ထိုးတော့မယ်။ ဘယ်မှာလဲ နင့် ကိတ်မုန့်!!!

ပွစာကျဲနေသော နေရာကို ကို နိုင် တစ်ချက်ဝေ့ကြည့်ပြီး သူ့မျက်နှာ ရှုံ့တွ သွားသည်။ ကိတ်မုန့်ဖုတ်တာ လွယ်မယ်ထင်ပြီး ဘာမှ ကြိုသင်ကြားခြင်း မရှိပဲ လင်းလေပြေ အပျင်းပြေဖွင့်ထားသော ကော်ဖီဆိုင်မှာ မွေးနေ့ကိတ် လာလုပ်ခြင်း

မနက် ၈ နာရီကတည်းက လုပ်နေတာ တစ်ခုမှ မအောင်မြင်။ ရေများသွားလိုက်၊ ဆော်ဒါ များသွားလိုက်၊ မီးပြင်းလို့ တူးသွားလိုက်နဲ့။

အဲ့တော့ လင်းလေပြေ တစ်ယောက် စိတ်တို ပြီး အော်တော့တာပဲ။

ပြေဇင် - ဟ လင်းလေပြေ နင့်ဆိုင် မုန်တိုင်း၀င်သွားတာလားဟ

မုန့်လုပ်နေတဲ့ နေရာ ကို ပြေဇင် နဲ့ ညှို့ ရောက်လာကြပြီး ပြေဇင် က ပွစာကျဲနေသော ဂျုံမှုန့်တွေ၊ အနှစ်တွေ ပေကျံနေသော စားပွဲခုံ နဲ့ မုန့်နှစ်မွှေစက်တို့ကို ကြည့်ကာ မေးလိုက်သည်။

လင်း - မုန်တိုင်း ၀င်သွားရငတောင် ခံသာသေး။ အခုက ဘာမှ မလုပ်တတ် မကိုင်တတ် သူ့ကိုယ်သူ ဆရာကြီး လုပ်နေတဲ့ အကောင်ကြောင့် ငါ့ရဲ့ မရှိမဲ့ ရှိမဲ့လေးတွေ ကုန်ပြီ။

နိုင် - ဟေ့ ငါ အလကားလုပ်တာ ကျနေတာပဲ။ ပြီးရင် ပိုက်ဆံပေးမှာကို

ညှို့ - မင်း ကိုယ်တိုင် ကိတ်မုန့်ဖုတ်တယ် ဆိုတော့ နိုင် ဘယ်သူ့မွေးနေ့မလို့လဲ။

ပြေဇင် - သူ့မောင် မိုးနှောင်းမောင် မွေးနေ့ နေမှာပေါ့ ဟ

နိုင် - မဟုတ်ဘူး မိုးဆောင်း မွေးနေ့

လင်း၊ ပြေ၊ ညှို့ - ဘာ!!!!

၃ယောက်သား အော်လိုက်တာမို့ နိုင် လန့်ကာ ခြေလှမ်းတွေ နောက်ဆုတ်မိသွားသည်။

 ချစ်ခြင်းမေတ္တာဟူသည် / ချစ်ခြင်းမေတ္တာဟူသည် ( U & Z ) { COMPLETED}Donde viven las historias. Descúbrelo ahora