Episode 7 { Unicode }

79 9 2
                                    

မိုးဆောင်း ရဲ့ သင်တန်းရှေ့မှာ စောင့်နေတာ ၁နာရီလောက်ရှိပြီ အခုထိ မိုးဆောင်းက သင်တန်းထဲကနေ ထွက်မလာသေး။

စောင့်ရတဲ့ အလုပ်ကို မုန်းသော နိုင့် အတွက် ဒေါသတွေ ထွက်လာသည်။ အခုနောက်ပိုင်း နိုင် ဟာ အရင်ကနဲ့ မတူတော့ပေ။ စိတ်ကြီးသလို ဒေါသလည်း ကြီးသည်။

မိုးဆောင်းအပေါ် လည်း အရမ်း အနိုင်ယူသည်။ သူ ဒီလိုလုပ်တာ မိုးဆောင်း အတွက် မတရားမှန်းလည်း သိ၏။ ဒါပေမယ့် သူ့စိတ်ထဲ မောင့် အပေါ် မုန်းနေသော အမုန်းတရားတွေက ကြီးစိုးနေသည်။

- ဒါဆို Club မှာ တွေ့မယ် Fri

မိုးဆောင်း - Ok

သူငယ်ချင်းတွေ နဲ့ ရယ်မောစွာ ထွက်လာသော မိုးဆောင်း ကို တွေ့တော့ နိုင် မျက်ခုံးတို့ တွန့်ချိုးသွားသည်။

အမျှင်တန်း မပျက်နိုင်သေးသော နှုတ်ဆက်မှု တစ်ခုကြောင့် ကားဟွန်းတီးလိုက်မှ သူ့သူငယ်ချင်းတွေကို နှုတ်ဆက်ပြီး ကားရှိရာကို ပြေးလာသော မိုးဆောင်း။

မိုးဆောင်း ကားပေါ်ရောက်တော့ ကိုကိုကြီး က ဘာစကားမှ မပြော

မိုးဆောင်း - ကိုကိုကြီး ဘာဖြစ်နေတာလဲ။

နိုင် - မင်း ကို ငါ ဘာပြောထားလဲ အဲ့ကောင်တွေ နဲ့ အပေါင်းအသင်းမလုပ်ဖို့။  မင်း စကားကို နားမထောင်ဘူး။

မိုးဆောင်း - သူတို့က မိုးဆောင်း ငယ်ငယ်ကတည်း ပေါင်းလာတဲ့ သူတွေလေ။

နိုင် - မိုးဆောင်းမောင် မင်း ငါ့ကို ပြန်ပြောနေတာလား ဟမ်!!

မိုးဆောင်း - မဟုတ်ရပါဘူး။ မိုးဆောင်း တောင်းပန်ပါတယ်။ မိုးဆောင်း သူတို့နဲ့ မပေါင်းတော့ပါဘူး။

မျက်နှာတည်ကြီးဖြင့် ပြောလာသော ကိုကိုကြီး ကို မြင်တော့ သူငယ်တန်းတုန်းက အဖေ မကြိုက်သော အလုပ်ကို လုပ်မိလို့ အရိုက်ခံရသော နေ့ကို ပြန်သတိရမိသည်။

နိုင် မိုးဆောင်း ရဲ့ ခေါင်းလေးကို ဖွဖွလေး ပွတ်ပေးရင်း

နိုင် - ဒီလိုလေး လိမ္မာပါ Baby! Baby လိမ္မာရင် ကိုယ့်ရဲ့ အချစ်တွေက Baby အတွက်ပဲ ဟုတ်ပြီလား။ စကားနားထောင်တာတို့၊ လိမ္မာမှ ကိုယ်က ချစ်မှာ။ မှတ်ထားနော် မိုးဆောင်းလေး

 ချစ်ခြင်းမေတ္တာဟူသည် / ချစ်ခြင်းမေတ္တာဟူသည် ( U & Z ) { COMPLETED}Where stories live. Discover now