☄️1☄️

16.1K 1.1K 78
                                    

(Unicode)

"ဂျွန်ဂျောင်ဂု"

အတန်းပြင်ထွက်ပြီး လူရှင်းသောနေရာရောက်တာနဲ့ အမြဲလိုလိုကြားနေကျ အသံဩဩကြောင့် ဂျောင်ဂုမျက်ခုံးတွေ အလိုလိုတွန့်ချိုးသွားသည်။ သို့သော် ခြေလှမ်းများက ရပ်တန့်သွားခြင်းမရှိဘဲ ရှေ့သို့သာ ဂရုမစိုက်ဟန် ဆက်လှမ်းနေလျက်။ ဂျောင်ဂု၏ အပြုအမူကြောင့် ခေါ်သံပိုင်ရှင်ကတော့ ဒေါသထွက်သွားမှာ မလွဲမသွေ။

ခွပ်

ဂျောင်ဂုမျက်နှာပေါ်ရောက်လာတဲ့ လက်သီးတစ်ချက်၊ ‌ဒီလိုဖြစ်မယ်မှန်း အစကတည်းက ဂျောင်ဂုသိသည်။

အသားနာသွားသည်မို့ ဒေါသက ထောင်းခနဲထကာ မိမိအား ထိုးသည့် ကျောင်းသားအား လည်ပင်းကော်လံမှ ဆောင့်ဆွဲကာ ပါးစောင်ကို ခပ်ပြင်းပြင်းတစ်ချက် ပြန်ထိုးလွှတ်လိုက်သည်။ ဂျောင်ဂု၏ လက်သီးချက်က ပြင်းသည်မို့ ထိုကျောင်းသားက သွေးစို့ကာ မြေပြင်ပေါ်လဲကျ၏။

ထိုအခါ သူ့အနောက်တွင်ပါလာသော ကျောင်းသားငါးယောက်က ဂျောင်ဂုဆီကို ဦးတည်လာကာ ထိုးကြသတ်ကြတော့မည့်ဟန်၊ ဂျောင်ဂုက တုန်လှုပ်ခြင်းအလျဉ်းမရှိ ထိုငါးယောက်အား ပြန်ချသည်။

အချိန်အတော်ကြာ ခုခံနိုင်ပေမဲ့ ကြာတော့ ငါးယောက်ဘက်က အားသာသွားကာ ဂျောင်ဂုမှာ မြေပြင်ပေါ်သို့ လဲ၏။

ဂျောင်ဂု အရေးနိမ့်သည်နှင့် နှစ်ယောက်က ဂျောင်ဂုအား အကြမ်းပတမ်းဆွဲထူကာ နံရံတွင် ကပ်လိုက်သည်။ ထိုအခါ ကျန်သုံးယောက်က မီးဝင်းဝင်းတောက် မျက်လုံးများနဲ့ အနားသို့ ချဉ်းကပ်လာပြီး ဂျောင်ဂုအား ထိုးကြ ကြိတ်ကြတော့မည့်ဟန်။

"ရပ်လိုက်"

ထိုအသံက ဂျောင်ဂုကို အရင်စထိုးခဲ့သော သူဆီမှအသံ။ သူက ကျောင်းလူမိုက်အဖွဲ့၏ ခေါင်းဆောင်၊ ခေါင်းဆောင်ဆိုပေမဲ့ သူ့ဘေးက ငါး‌ယောက်‌ထက်ရော ဂျောင်ဂုထက်ပါ လူကောင်သေးသည်။ သတင်းကြားရ‌သလောက် ငွေပေးပြီး လူရမ်းကားများကို တပည့်တော်ထားခြင်းပင်။

ထိုလူမိုက်ကျောင်းသားခေါင်းဆောင်၏ စကားကြောင့် ထိုးမည့်ဟန် တကဲကဲဖြစ်နေသော သုံးယောက်က ကိုယ်ရှိန်သတ်သွားကြပြီး ကျန်နှစ်ယောက်ကတော့ ဂျောင်ဂုကို တင်းကြပ်စွာ ချုပ်ထားမြဲ။

Back To Deaquerld [Completed]Where stories live. Discover now