☄️5☄️

6K 765 30
                                    

(Unicode)

"နောက်တစ်ခါ မိန်းကလေးတစ်ယောက်ကို လန့်ဦးမလား"

အခန်းဖြူဖွေးဖွေးထဲတွင် ထယ်ယောင်းထံမှ အသံလေးက ကျားဟိန်းသံကဲ့သို့ ဟိန်းထွက်လာသည်မို့ ဂျောင်ဂုမှာ ပြာပြာသလဲ ခေါင်းခါပြလိုက်ရသည်။ အဲ့ဒီ သိမ်းငှက်တစ်ပိုင်း လူတစ်ပိုင်း သတ္တဝါကြီးကို မိန်းကလေးလို့ သတ်မှတ်သင့်ရဲ့လား ကိုယ်တိုင်လည်း မသိ။

"မင်းက တကယ် ငါ့ကို အရှက်ခွဲတာပဲ"

"ကျွန်တော်မှ အဲ့လို ပုံဆိုးပန်းဆိုးကြီး မမြင်ဖူးတာကို၊ လန့်တာပေါ့"

"မင်း သိမ်းငှက်မြင်ဖူးတယ်မလား၊ လူရော မြင်ဖူးတယ်မလား၊ အဲ့နှစ်မျိုးကို ပေါင်းထားတာပဲလေ ဘာထူးဆန်းလို့လဲ"

ထယ်ယောင်းစကားအား ဂျောင်ဂုမှာ ပြန်ပြီး တုန့်ပြန်နိုင်စွမ်းကင်းမဲ့လေပြီ။ ကံကောင်းသည်က ထယ်ယောင်းက အဲ့လို ပုံဆိုးပန်းဆိုးကြီး မဟုတ်ဘဲ နတ်သားလေးနဲ့တူနေလို့ တော်သေးသည်။ မဟုတ်ရင် ဂျောင်ဂု နေရာမှာတင် လန့်သေနိုင်သည်။

"တောင်းပန်ပါတယ်၊ ကျွန်တော်က ဒီနေရာနဲ့ မရင်းနှီးတော့..."

ဂျောင်ဂုက စကားကို ရှေ့ဆက်မပြောတော့ဘဲ အပြစ်သားလေးပမာ ခေါင်းလေးငုံ့သွားတော့ ထယ်ယောင်းလည်း ဘာမှထပ်မပြောတော့ဘဲ သက်ပြင်းချမိသည်။ ဂျောင်ဂုဘက်ကကြည့်ရင်လည်း လန့်ချင်စရာကို။

"ကောင်းပြီ ထားလိုက်တော့၊ နောက်မဖြစ်စေနဲ့"

"ဟုတ်"

အဲ့တော့မှ ထယ်‌ယောင်းလည်း ဂျောင်ဂုဘေးတွင် ဝင်ထိုင်လာ၍ ဓားအိမ်ထဲမှ ဂျင်ဂျူအား ထုတ်ကာ အဝတ်ဖြူလေးနဲ့ ပွတ်တိုက်ပေးနေသည်။ ဂျင်ဂျူကလည်း ကြောင်လေးများ ဇိမ်ခံသလို တုန်ခါလျက် ထယ်ယောင်း၏ ပွတ်သပ်ပေးမှုတွင် ဇိမ်ယူနေသည်။

"အစ်ကို"

ဂျောင်ဂု၏ ခေါ်သံတိုးတိုးကြောင့် ထယ်ယောင်းက ဂျင်ဂျူကို ပွတ်သပ်ပေးနေရာမှ မော့ကြည့်လာသည်။

"ဒီယာကွာရယ်က လူတွေက မှော်အစွမ်းရော လက်နက်တွေရောရှိပြီး အဆင်ပြေကြတဲ့ပုံပါပဲ၊ ဘာလို့ ကျွန်တော့်ကို ဒီယာကွာရယ်ကို ကယ်ဖို့ဆိုပြီး ခေါ်လာတာလဲ၊ ကြည့်ရတာ ခင်ဗျားကတောင် ကျွန်တော့်ထက်ပိုပြီး တော်တာကို ဘာလို့ ကျွန်တော့်ကိုလဲ"

Back To Deaquerld [Completed]Where stories live. Discover now