☄️7☄️

5.3K 744 65
                                    

(Unicode)

"ကိုကို့အတွက် ကြက်သားကို ကင်ပေးထားတာ"

"ဒါက ညီမကိုယ်တိုင် ချက်ထားတာလေ၊ ကိုကိုစားဖို့"

"ကိုကို အချိုတည်းဖို့ ကိုကို့အကြိုက် စတော်ဘယ်ရီကိတ်မုန့်လေး"

စသဖြင့် ဒီယာကွာရယ်ရဲ့ အလှပဂေးလေးတွေမှာ ထယ်ယောင်း အိမ်အပေါက်ဝတွင် ကိုကိုချင်းထပ်ရင်း တစ်ယောက်တစ်ပေါက်။ ထယ်ယောင်းမှာလည်း ထိုမိန်းမပျိုလေးများအား အတောက်ပဆုံးပြန်ပြုံးပြကာ သူမတို့ ပေးသော ပန်းကန်များကို လက်မလည်စွာ ယူရင်း ကျေးဇူးတင်စကားအထပ်ထပ်ဆိုရတော့သည်။

'ညရောက်နေပြီ ဟင်းမချက်ရသေးဘူး' ဟု လမ်းတွင် ညည်းလိုက်မိခြင်း၏ အကျိုးဆက်။

ဂျောင်ဂုမှာတော့ ထယ်ယောင်းနဲ့ ထိုမိန်းမပျိုလေးများကို ကြည့်ပြီး ပါးစပ်အဟောင်းသား။ ထယ်ယောင်းကို ရုပ်ချောမှန်းသိပေမဲ့ ဒီလောက် လူကြိုက်များမယ်လို့တော့ မထင်ထားခဲ့တာအမှန်။

ထိုမိန်းမပျိုလေးများပြန်သွားမှ ထယ်ယောင်းမှာလည်း အစားအသောက်တပွေ့တပိုက်နဲ့ အိမ်ထဲပြန်ဝင်လာတော့သည်။

"ဟေ့ ယုန်ပေါက်လေး၊ မင်းအတွက် ညစာရပြီ"

ကုတင်ပေါ် ထိုင်နေသော ဂျောင်ဂုအား အပြုံးမမည်သော အပြုံးလေးနဲ့ ကြည့်၍ လှမ်းအော်ပြောနေသေးသည်။ ပြီးမှ စားပွဲပေါ်သို့ အစားအသောက်များကို အသာလေးချကာ ဂျောင်ဂုဘေးတွင် ဝင်ထိုင်ရင်း

"ဘယ်လိုလဲ ငါတော်တယ်မလား"

"ဘာကိုတော်တာလဲ၊ ကောင်မလေးတွေ လာပေးလို့ စားရတာမဟုတ်လား"

ဂျောင်ဂုစကားကြောင့် ထယ်ယောင်းမှာ မျက်ခုံးလေး အပေါ်သို့ အနည်းငယ်ပင့်တက်သွားသည်။

"ဘာလို့ သူတို့က လာပေးတာလဲသိလား၊ ငါ့ရဲ့ ချောမောလှပခန့်ညားတဲ့ မျက်နှာကြောင့် လာပေးတာလေ၊ အဲ့ဒါကြောင့် ငါရုပ်ချောနေတာ မင်းကံကောင်းတယ်"

စနောက်သည့်ဟန်မပေါ်ဘဲ အတည်ပေါက်ပြောနေသော ထယ်ယောင်းအား ဂျောင်ဂုမှာ ခေါင်းအစခြေအဆုံးတစ်ချက်ကြည့်မိသည်။ ရုပ်ချောတာ လက်ခံနိုင်ပေမဲ့ နည်းနည်းတော့ အမြင်ကတ်စရာကောင်းနေသား။

Back To Deaquerld [Completed]Where stories live. Discover now