☄️3☄️

7.2K 848 110
                                    

(Unicode)

ယနေ့ တစ်နေကုန် ဂျောင်ဂုမှာ စာထဲတွင် အာရုံစိုက်၍ မရ။ ကျောင်းစတက်သည့်အချိန်မှစ၍ ညနေကျောင်းဆင်းချိန်အထိ ဂျောင်ဂု၏ စိတ်အစဉ်မှာ ထယ်ယောင်းနှင့် ဒီယာကွာရယ်ဆိုသော နေရာသို့သာ ရောက်နေသည်။

ထယ်ယောင်းပြောခဲ့တဲ့ ဘုရင်ဖြစ်သင့်တဲ့သူက မိမိဆိုတာရော၊ မိဘတွေကို သိတယ်ဆိုတာကြောင့်ရော။ ထို ထူးဆန်းသော ကိစ္စတွေက တခြားသူတွေမှာ မဖြစ်ဘဲ ဘာလို့ မိမိဆီမှာသာ ဖြစ်နေရပါသနည်း။

အတွေးပေါင်းစုံနဲ့ ကျောင်းလမ်းမထက်တွင် လမ်းလျှောက်နေတုန်း ခေါင်းနောက်စေ့တည့်တည့်အောင့်ခနဲ ဖြစ်သွားသည်မို့ ဂျောင်ဂု အနောက်သို့ ဆတ်ခနဲ လှည့်ကြည့်မိသည်။

တစ်စုံတစ်ယောက်က ဘောလုံးနဲ့ ကောက်ပေါက်လိုက်ခြင်းပင်။ ထိုသူကတော့ မိမိအား အမြဲတမ်း အုပ်စုနဲ့ အနိုင်ကျင့်နေသော ဂျီဟွမ်ဆိုသော ငနဲမှ လွဲ၍ အခြားသူမရှိ။

ဂျောင်ဂု မျက်ခုံးတွေ အလိုမကျစွာ တွန့်ချိုးလာတော့ ဂျီဟွမ်က ကျေနပ်စွာ တဟားဟားရယ်သည်။ ယနေ့တော့ သူ့အနားမှာ သူ့တပည့်ဆိုတာတွေမရှိ။

"ဘယ်လိုလဲ၊ ငါ့ကို မမြင်ချင်ယောင်ဆောင်သွားလို့ ဘောလုံးနဲ့ အသိပေးလိုက်တာ၊ ငါ့ဆီ‌ ဘောလုံး ပြန်ကောက်ပြီး လာခဲ့"

ဂျီဟွမ်က အထက်စီးလေသံနဲ့ ပြောကာ လက်နဲ့ပါ ယက်ခေါ်နေသည်မို့ ဂျောင်ဂု၏ ဒေါသတို့က ငယ်ထိပ်ရောက်၏။

နဂိုအမုန်းဓာတ်ခံကြောင့်ရော၊ မိမိအား စော်ကားနေတဲ့ အပြုအမူကြောင့်ရော ပေါင်းကာ ဂျီဟွမ့်အနားကို အမြန်ပြေးသွားပြီး သူ့ကော်လံစကို ဆောင့်ဆွဲလိုက်သည်။

"မင်း တခြားလုပ်စရာ အလုပ်မရှိဘူးလား ဟမ်၊ ထပ်ပြီး လွန်လာရင် မင်းကို သတိလစ်တဲ့အထိ ထိုးပစ်လို့ရတယ်"

"အိုးအိုး ကြောက်လိုက်တာ အမလေး ကြောက်လိုက်တာ၊ မင်းက ငါ့ကို ထိုးဖို့ နေနေသာသာ ငါ့လူတွေကို အရင်နိုင်အောင်လုပ်ပါဦး"

"မင်းရဲ့ ပိုက်ဆံကိုပဲ မက်နေတဲ့ စောက်ကပ်ဖားရပ်ဖားကောင်တွေကို ငါမကြောက်ဘူး၊ မင်းလိုမျိုး အုပ်စုထဲ အမြီးကုတ်ပြီး နေရအောင်အထိလည်း သူရဲဘောမကြောင်ဘူး၊ ငါ့ကို မင်းလို ထင်မနေနဲ့၊ ငါက တစ်ယောက်ထဲနဲ့တင် လုံလောက်တယ်"

Back To Deaquerld [Completed]Where stories live. Discover now