☄️6☄️

5.5K 735 67
                                    

(Unicode)

ဒါက ဒီယာကွာရယ်ရဲ့ ဈေးတဲ့လား။
ဈေးဆိုတာထက် အရည်အချင်းပြပွဲနဲ့တောင် ပိုတူနေသေးသည်။

ဈေးသည်များက သူတို့၏ ကိုယ်ပိုင်လက်နက်များနဲ့ အသားများ၊ အသီးများကို ခုတ်ထစ်ပြနေကြသည်မှာ သာမန်လူတွေ ရောင်းသည့်ပုံစံနဲ့ လုံးဝမတူ။

ပန်းသီးကို လေပေါ်မြောက်၍ လေထဲမှာတင် လေးပိုင်းတစ်ခါတည်းခွဲပြသည်။ ဝက်တစ်ကောင်လုံးကို တဒုတ်ဒုတ်နဲ့ စည်းချက်မလွဲစွာ ခုတ်ထစ်သွားကြသည်မှာလည်း လျင်ပေစွ။

ဆိုင်တန်းလေးများက အဝါရောင်၊ အဖြူရောင် အမိုးလေးများသာ မိုးထားကြပြီး ဆိုင်တန်းများက ‌အကွေ့အကောက်မရှိ ဖြောင့်တန်းစွာ တည်ရှိသည်။ ဆိုင်လေးများကလည်း တစ်ပုံစံထဲ ချွတ်စွပ်တူပြီး ခေါင်မိုး အဖြူနဲ့အဝါသာကွဲကြသည်။

သာမန်လူတွေဆို သူတို့ဆိုင်တွင်ဝယ်ဖို့ အလုအယက်ခေါ်ကြမှာဆိုပေမဲ့ ယခု ဒီယာကွာရယ်က သူတွေကတော့ သူတို့ရောင်းသော ပစ္စည်းများအား ကိုယ်ပိုင်လက်နက်များနဲ့သာ ကျွမ်းကျင်စွာ ကစားပြနေကြသည်။

"ယုန်ပေါက်လေး အရမ်းမငေးနဲ့၊ လူချင်းကွဲမယ်"

ထယ်ယောင်းအသံကြားမှ ဂျောင်ဂုလည်း ဈေးဆိုင်များကို ငေးနေရာမှ အသိပြန်ဝင်လာကာ ထယ်ယောင်းဘက်ကို လှည့်ကြည့်လာသည်။

"ဒီနေရာက တကယ်မိုက်တာပဲ ဈေးမဟုတ်ဘဲ ဆပ်ကပ်ပွဲလားလို့တောင်ထင်ရတယ်"

"ဒီယာကွာရယ်ကို အထင်ကြီးသွားပြီမလား"

အပြုံးလေးနဲ့ မော့ကြည့်ကာ မေးလာသော ထယ်ယောင်း‌၏ စကားကို ထောက်ခံတဲ့အနေနဲ့ ဂျောင်ဂုခေါင်းငြိမ့်ပြလိုက်ပါသည်။ တကယ်လည်း အထင်ကြီးမိသား။

"မင်း ဘာစားချင်လဲ"

"ဘာဖြစ်ဖြစ် အဆင်ပြေပါတယ်"

"ဒါဆို ဒါတွေဝယ်မလား"

ထယ်ယောင်းက ပြောပြောဆိုဆိုနဲ့ လက်ညိုးထိုးပြလေတော့ ဂျောင်ဂုလည်း ထယ်ယောင်းညွှန်ပြရာနေရာကို အကြည့်ရောက်မိသည်။

"စတော်ဘယ်ရီတွေလား"

ဂျောင်ဂု၏ အမေးကို ထယ်ယောင်းက ခေါင်းလေးတဆတ်ဆတ်ငြိမ့်ပြရင်း အဖြေပြန်ပေးသည်။ သို့သော် စတော်ဘယ်ရီက မြင်နေကျစတော်ဘယ်ရီနဲ့ မတူ။

Back To Deaquerld [Completed]Where stories live. Discover now