☄️11☄️

5K 692 61
                                    

(Unicode)

"အစ်ကို့အဖေက ထရောစလင့်သားလေ၊ အမေက ဒီယာကွာရယ်သူဆိုတော့ အစ်ကို့ဆံပင်က ဒီလိုဖြစ်နေ‌တာ၊ ကံကောင်းတာကတော့ လူတစ်ပိုင်း တိရစ္ဆာန်တစ်ပိုင်းဖြစ်မနေတာပေါ့ကွာ ဟားဟား"

ဝူဘင်က သူ၏ အဝါရောင်တစ်ဝက် လိမ္မော်ရောင်တစ်ဝက်ဆံပင်များကို အနည်းငယ်ဖွရင်းပြောလေသည်။

ထရောစလင့်၏ ပင်လယ်ကမ်းခြေဘက်သို့ ‌ထယ်ယောင်း၊ ဂျောင်ဂုနဲ့အတူ ဝူဘင်ပါ လမ်းပြအဖြစ် လိုက်လာခြင်းပင်။

ညက ကိစ္စကြောင့် ထယ်ယောင်းနဲ့ ဂျောင်ဂုက မနက်မိုးလင်းကတည်းက စကားသိပ်မပြောဖြစ်ကြ။ ယခုလည်း ထယ်ယောင်းက အနောက်ကနေ ဖြည်းဖြည်းချင်းသာ လိုက်နေပြီး ဂျောင်ဂုနဲ့ ဝူဘင်က အရှေ့က သွားနေကြ၏။

ဝူဘင်ကတော့ ဘယ်သူမှ ရိုက်မမေးဘဲ သူ့အကြောင်းတွေကို ဂျောင်ဂုအား ဖောက်သည်ချလျက်ရှိသည်။

"အစ်ကိုက တကယ်တော့ ဒီယာကွာရယ်ကို ပိုသဘောကျပါတယ်၊ ဒါပေမဲ့ကွာ ထရောစလင့်သွေးက ပိုများသွားတယ်ထင်ပါတယ်၊ အခုချိန်ထိ ကိုယ်ပိုင်လက်နက်မရဘူးလေ အဲ့ဒါနဲ့ပဲ ဒီယာကွာရယ်မှာ အခြေမချဘဲ ထရောစလင့်မှာပဲ တည်းခိုခန်း ဖွင့်စားနေရတာ"

"ဒါဆို ကျွန်တော်ကရော အခုချိန်ထိ လက်နက်မရသေးဘူးလေ"

"ဒါကတော့ အစ်ကိုက ဒီမှာပဲ နှစ်သုံးဆယ်လုံးနေရတာတောင် မတွေ့တာလေ၊ မင်းကတော့ လူတွေဆီမှာ နေခဲ့ရလို့ မတွေ့သေးတာပဲရှိတာပါ၊ သိပ်စိတ်မပူပါနဲ့ ထရောစလင့်မှာ မရှိရင် အိန်ဂလိုမှာတော့ သေချာပေါက်ရှိမှာပဲ၊ သူတို့ဆီမှာ ထူးထူးခြားခြားပစ္စည်းအစုံရှိကြတယ်"

ဝူဘင်၏ စကားကို ဂျောင်ဂုက ခေါင်းလေး အသာငြိမ့်ပြရင်း တုန့်ပြန်သည်။ ယခုလို ဆန်းကြယ်သောကိစ္စအတွက် ရင်ခုန်မိတာတော့ အမှန်ပင်။

"ဒါနဲ့ အစ်ကိုဝူဘင်"

ဂျောင်ဂုခေါ်သံကြောင့် ဝူဘင်က မေးဆတ်ပြသည်။ ပြောလေဆိုတဲ့ သဘော။ ထိုအခါမှ ဂျောင်ဂုက လေသံကို အနည်းငယ် နှိမ့်လိုက်ရင်း

"အစ်ကိုထယ်ယောင်းနဲ့ ဘယ်လိုသိတာလဲ"

ဒါက တကယ့်ကို မေးချင်နေ‌ခဲ့သော မေးခွန်းဖြစ်သည်။ သဝန်တိုတယ်ရယ်မဟုတ်ပေမဲ့ ထယ်ယောင်းတွင် မိမိထက် ခင်နေသော ယောက်ျားတစ်ယောက်ရှိနေသည်ဆိုသော အသိက အနည်းငယ် နေရခက်သည်။

Back To Deaquerld [Completed]Where stories live. Discover now