☄️2☄️

9.7K 971 92
                                    

(Unicode)

မနက်မိုးလင်း မျက်လုံးနှစ်လုံးပွင့်၍ အသိစိတ်ကပ်သည်နှင့် ခေါင်းတစ်ခုလုံးမူးနောက်နေသည်ကို ဂျောင်ဂုခံစားမိသည်။ လဲလျောင်းနေရာမှ အမြန်ထထိုင်လိုက်တော့ မိမိအိမ်ကို ပြန်ရောက်နေခြင်းပင်။

ထိုအခါ ဂျောင်ဂု၏ အတွေးတွေက မနေ့ကညအချိန်ကို ပြန်ရောက်မိ၏။ တစ်ကိုယ်လုံး အဖြူရောင်ဝတ်ထားသောသူ၊ ညကြီးမိုးချုပ် နေကာမျက်မှန်ကြီးတပ်ထားသူက ကိုယ့်ကို ထီးဆောင်းပေးခဲ့တာပဲ မှတ်မိသည်။ ကျန်တာ တစ်ခုမှ ပြန်တွေး၍ မရ။

အရက်မူးနေတာလည်း မဟုတ်ပါဘဲ အိမ်သို့ ဘယ်လိုပြန်ရောက်လာသလဲဆိုတဲ့ အချက်က ဦးနှောက်ထဲဝယ် ဗလာနတ္ထိ။

"နိုးလာပြီပဲ"

အသံဩရှရှနဲ့အတူ အခန်းထဲ ဝင်လာသော သူတစ်ယောက်။ ထိုသူက အခြားမဟုတ်၊ မနေ့ကတွေ့ခဲ့သော ပုလဲလုံးလူသားပင်။ အိမ်ထဲထိတိုင် နေကာမျက်မှန် အနက်ကြီးအား တပ်ထားဆဲ။

ကိုယ့်အိမ်မှာ သူ့ကို တွေ့လိုက်ရတော့ ဂျောင်ဂုမှာ အိပ်ချင်မူးတူးဖြစ်နေရာမှ မျက်လုံးပြူးလာပြီး အိပ်ရာဘေးရှိ စားပွဲပေါ်က ကတ်ကြေးကို အမြန်‌ကောက်ကိုင်လိုက်သည်။

"ခင်..ခင်ဗျား.. ဘယ်လို"

"ကင်ထယ်ယောင်းပါ"

အေးအေးလူလူပင် ပြောလာသော ကင်ထယ်ယောင်းဟူသော ပုလဲလုံးလူသား။

"ခင်ဗျား.. ဘယ်သူလဲ"

"ကင်ထယ်ယောင်းလို့ ပြောပြီးပြီလေ"

"နာမည်ကို မေးနေတာမဟုတ်ဘူး၊ ဘယ်ကလာတာလဲ၊ ကျွန်တော့်အိမ်ကို ဘယ်လိုသိနေတာလဲ၊ ပြီးတော့... ပြီးတော့ ဘာလို့ အိမ်ထဲမှာနေတာကို နေကာမျက်မှန်ကြီးတပ်ထားတာလဲ ရူးနေလား"

ဆက်တိုက်မေးလာသော ဂျောင်ဂု၏ မေးခွန်းတွေကြား ထယ်ယောင်း တိတ်ဆိတ်သွားသည်။ အပြုံးအရယ် နတ္ထိဖြစ်သော နှုတ်ခမ်းတစ်စုံက နီဆွေးလျက်။ ထိုနှုတ်ခမ်းလေးက ဂျောင်ဂုမျက်စိရှေ့တွင်ပင် တဖြည်းဖြည်းပွင့်ဟလာသည်။

"ဒီယာကွာရယ်က အန္တရာယ်ရှိနေပြီ"

"ဘာကြီး"

Back To Deaquerld [Completed]Where stories live. Discover now