☄️19☄️

5.2K 682 53
                                    

(Unicode)

ဒီယာကွာရယ်။ သေချာတယ် ဒါဟာ ဒီယာကွာရယ်ပဲ။ အဖြူနဲ့အဝါရောစပ်ထားတဲ့ အိမ်လုံး‌လုံးလေးများနဲ့ ပန်းကလေးများဟာ မှားနိုင်ဖွယ်မရှိ။

ဂျောင်ဂု နှလုံးခုန်သံတွေ အနည်းငယ် မြန်ဆန်နေသယောင်။ လန့်နေတာလား ဒါမှမဟုတ် စိတ်လှုပ်ရှားနေတာလားဆိုတာ ကိုယ်တိုင်လည်းမသိ။ စိတ်ငြိမ်စေရန် အသက်ကို ဝဝကိုရှူသွင်းလိုက်ပြီး ညာဘက်လက်ကနေ ဂျန်မီအား သေချာဆုပ်ကိုင်ထားရင်း မြို့ထဲသို့ ဝင်ခဲ့တော့သည်။

ဂျန်မီက တခြားလက်နက်များနဲ့ ကွဲပြားစွာ ဘေးပတ်ပတ်လည်တွင် အနက်ရောင်အခိုးအငွေ့များရစ်ပတ်နေသည်။ ဘာ‌လို့လဲဆိုတာ ဂျောင်ဂုနားမလည်ပေမဲ့ ကိုယ့်ကိုယ်ကိုယ် စွမ်းအားသိပ်ကြီးနေသလို ခံစားရသည်။

ဦးတည်ရာကတော့ နန်းတော်ဆီသို့သာ။ ထယ်ယောင်းကလည်း သေချာပေါက် နန်းတော်တွင် ရှိနေလိမ့်မည်။ နန်းတော်ကို သွားဖို့ကတော့ မခက်၊ ဒီယာကွာရယ်၏ ဘယ်နေရာကမဆို မြင့်မားလှသော နန်းတော်ကြီးအား မြင်နေရသောကြောင့်ပင်။ သို့သော် ထယ်ယောင်းပြောပြနေကျ သက်‌တံ့ရောင်ခြည်တန်းများကတော့ အရောင်မှိုင်းလွန်းနေသည်။

လမ်းတွင် တွေ့သမျှ လူများက ဂျောင်ဂုအား အထူးအဆန်းသဖွယ် ငေးကြည့်ကုန်ကြသည်။ ဂျွန်မျိုးနွယ် တစ်နည်းအားဖြင့် တော်ဝင်မျိုးနွယ်မှာသာ တွေ့ရသော ဆံပင်အနက်ရောင်နှင့် လူတစ်ယောက်ဖြစ်နေတာကြောင့်ရော၊ အနက်ရောင်အခိုးအငွေ့များ ရစ်ပတ်နေတဲ့ ဓားနက်တစ်လက်ကို ကိုင်ဆွဲထားတာကြောင့်ရော။ ဂျောင်ဂုပုံစံက မြင်သူအပေါင်း ဦးညွှတ်ချင်စရာကောင်းလောက်အောင် ဩဇာကြီးနေ၏။

"အရင်ဧကရာဇ် သေရာက ပြန်လာတာလား"

"ဧကရာဇ်နဲ့ သိပ်မတူပါဘူး၊ ဒါပေမဲ့ ဧကရာဇ်လိုမျိုး မျက်လုံးတွေရှိတယ်နော်၊ ဆံပင်ကလည်း အနက်ရောင်"

"မင်းသားလေးများလား၊ မင်းသားရဲ့ အလောင်းကို ‌ဘယ်သူ‌မှ မတွေ့ခဲ့ကြဘူးမလား"

"မင်းသားလေးက မသေတာလား"

စသဖြင့် ဘေးနားကနေ ‌ပြောဆိုနေကြသော အသံများကို ဂျောင်ဂု တစ်စွန်းတစ်စကြားနေရသည်။ သို့သော်လည်း ခြေလှမ်းများကိုသာ သွက်သွက်လှမ်းကာ နန်းတော်သို့ ဦးတည်နေဆဲ။

Back To Deaquerld [Completed]Where stories live. Discover now