☄️20☄️

5.1K 693 39
                                    

(Unicode)

ညနေ နေဝင်စပြုပြီ။
ညအမှောင်ထုနက်လာတာနဲ့ တပြိုင်နက် ဝိဉာဉ်များဟာလည်း လူတွေရဲ့ သွေးသားတွေကို စားသုံးဖို့ ထွက်လာကြတော့မှာ အမှန်ပင်။

ပုံမှန် မှော်စွမ်းအားရှိလျှင် ကိစ္စမရှိသော်လည်း ယခုမူ ဒီယာကွာရယ် တစ်မြို့လုံးက လူများဟာ မှော်စွမ်းအားများမရှိ‌ကြတော့။ လက်နက်များကလည်း သာမန်ပန်းပုဆရာထုဆစ်ထားသည့် သံတုံးများသာသာ သာရှိတော့သည်။ ဒါကြောင့် လက်ရှိတွင် စွမ်းအားရှိနေသူက ဂျောင်ဂုတစ်ယောက်တည်းသာ။ ဘုရင်ဆယ်ဟိုကလည်း ဘယ်ရောက်နေလဲ ဘယ်သူမှ မသိ။

ထယ်ယောင်းနဲ့ ဂျောင်ဂုသည်လည်း နန်းတော်ထဲမှ ထွက်ကာ ထယ်ယောင်း၏ အိမ်လေးဆီသို့ ခပ်သွက်သွက်သွားနေကြသည်။ ခဏအကြာမှာပင် ထယ်ယောင်းအိမ်ရှေ့သို့ နှစ်ယောက်သား ရောက်လာကြတော့သည်။

"အစ်ကို"

ဂျောင်ဂု၏ ရုတ်တရက်ခေါ်သံ။ ထယ်ယောင်း ခြေလှမ်းများ ရပ်တန့်သွားပြီး ဂျောင်ဂုအား လှည့်ကြည့်သည်။

"ဘာလို့လဲဟင်"

"ကျွန်တော် အပြင်မှာနေခဲ့ပြီး ဝိဉာဉ်တွေကို တိုက်ထုတ်လိုက်မယ်"

ဂျောင်ဂုစကားအဆုံး ထယ်ယောင်းမှာ မျက်လုံးလေးပြူးသွားရုံမက ပါးစပ်အဟောင်းသားပါဖြစ်သွားရသည်။ နောက်မှ ခေါင်းကို ပြုတ်ထွက်မတတ် အသဲအသန်ခါရင်း

"မဖြစ်ဘူး လုံးဝမဖြစ်ဘူး"

"ဂျန်မီက ဝိဉာဉ်တွေကို နိုင်တယ် အစ်ကို၊ ကျွန်တော့်ဦးလေးနဲ့ တိုက်ခိုက်တုန်းက သူ့ဓားထဲက ဝိဉာဉ်တွေနဲ့ ဂျန်မီနဲ့ယှဉ်တဲ့အခါ ဂျန်မီကပဲ အားသာသွားတာ"

"ဒါပေမဲ့ အဲ့ဒါက ဝိဉာဉ်တွေ နည်းလွန်းလို့ရော မဖြစ်နိုင်ဘူးလား"

"ဒါဆို ဒီတစ်ခေါက်မှာ ကျွန်တော် စွမ်းအားများများသုံးမှာပေါ့"

ထယ်ယောင်း သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်မိသည်။

"မဖြစ်ဘူး၊ ငါမင်းကို တစ်ယောက်ထဲ မလွှတ်နိုင်ဘူး၊ ငါကလည်း မင်းကို ကာကွယ်ပေးနိုင်တော့တာမဟုတ်ဘူး"

Back To Deaquerld [Completed]Where stories live. Discover now