☄️12☄️

4.9K 702 36
                                    

(Unicode)

ညနေ နေအေးစအချိန်။
ထရောစလင့်၏ အပြာရောင် ပင်လယ်ထက်တွင် နေမင်းကြီးရဲ့ အရိပ်ကလေးများ ထင်ဟပ်နေပုံက သိပ်ကိုလှသည်။

ရေသူမလေးများက အခုထိ ပြန်ပေါ်မလာသေး။ ဂျောင်ဂုနဲ့ ထယ်ယောင်းကြားမှာလည်း တိတ်ဆိတ်နေလျက်။

ထယ်ယောင်းက အနားတွင်ရှိသော ကျောက်တုံးလေးများကို တစ်ဆင့်ချင်း ထပ်နေသည်။ ၅တုံးမြောက်လောက်ရောက်တော့ အောက်ခြေမခိုင်ကာ ကျောက်တုံးတာဝါလေးက ပြိုလဲ၏။ သူစီထားသော ကျောက်တုံးများ ပြိုကျသွားသည်မို့ ထယ်ယောင်းက မလိုမကျစွာ နှုတ်ခမ်းလေးစူလာသည်။

ထယ်ယောင်းကို ကြည့်ပြီး ဂျောင်ဂု အသာပြုံးကာ အနားက ကျောက်တုံးခပ်ပြားပြားတစ်ခုကိုယူ၍ ထယ်ယောင်းရှေ့သို့ ချပေးလိုက်သည်။

"ဒါကို အောက်မှာထားပြီး စီကြည့်"

ဂျောင်ဂုစကားအဆုံး ထယ်ယောင်းက ခေါင်းလေးအသာမော့ကြည့်လာလေတော့ ဂျောင်ဂုက မျက်ခုံးတစ်ဖက်ပင့်ပြလိုက်သည်။ ထိုအခါ ထယ်ယောင်းက ပါးလေးရဲကနဲဖြစ်ကာ ချက်ချင်းမျက်နှာပြန်လွှဲသွား၏။ ပြီးမှ ဂျောင်ဂုပေးသော ကျောက်တုံးလေးကို ဆွဲယူသွားပြီး ထိုကျောက်တုံး အပေါ်တွင် တခြားကျောက်တုံးများ ပြန်ထပ်စီနေသည်။

"အစ်ကို"

ဂျောင်ဂု၏ ခေါ်သံတိုးတိုး။ ထယ်ယောင်းက ကျောက်တုံးလေးတွေ စီနေရာမှ ပြန်လှည့်ကြည့်လာသည်။ ထိုအခါ ဂျောင်ဂုက အနည်းငယ် ပြုံးလိုက်ရင်း

"ကျွန်တော် လျှို့ဝှက်ချက်တစ်ခုပြောပြရမလား"

"ဘာလဲ"

"ခုနတုန်းက အစ်ကို ကျောက်ဆောင်ပေါ်က လဲမလိုဖြစ်သွားတော့ ကျွန်တော်လှမ်းဖမ်းလိုက်တာ မှတ်မိတယ်မလား"

ထယ်ယောင်းက ခေါင်းငြိမ့်ပြ၏။

"အဲ့တုန်းက ကျွန်တော် မလွှတ်ဘဲ အကြာကြီး ဆက်ဖက်ထားချင်ခဲ့တာ"

ထယ်ယောင်းပါးလေးနှစ်ဖက်ရဲခနဲ ဖြစ်သွားသော်လည်း အကြည့်များကို မလွှဲပေ။ ဂျောင်ဂု၏ မျက်ဝန်းများထဲ ဆက်၍ စိုက်ကြည့်နေဆဲ။ ဂျောင်ဂုပုံစံက နောက်နေတာမျိုး ‌စနေတာမျိုးလည်း မဟုတ်သည်မို့ ထယ်ယောင်းမှာ ကိုယ်အပူချိန်တွေ မြင့်တက်လာရသည်။

Back To Deaquerld [Completed]Where stories live. Discover now