☄️10☄️

5.2K 713 48
                                    

(Unicode)

ထရောစလင့်မြို့ထဲရောက်ချိန်တွင် ညနေပင် ရောက်နေပြီဖြစ်သည်။ မြင်မြင်သမျှ အိမ်များ၊ အပင်များက ဝါကျင်ကျင်ရောင်၊ လိမ္မော်ရောင် စသဖြင့် အရောင်တောက်တောက်တွေချည်းပဲမို့ မျက်စိတောင် ကျိန်းချင်ချင်။

"ယုန်ပေါက်လေး၊ ခဏလေးနော်၊ ငါအခန်းငှားပြီးရင် မင်းကို တစ်ခုခုကျွေးမယ်"

ထယ်ယောင်းက လေသံပျော့ပျော့လေးနဲ့ ကလေးတွေကို ပြောသည့်နှယ် ဂျောင်ဂုဘက်ကို လှည့်ကာ ပြောလာသည်။ ပြီးမှ သူ့ဘောင်းဘီအိတ်ကပ်ဖြူဖွေးဖွေးလေးထဲမှ အကြွေစေ့ အနည်းငယ်ကို ထုတ်ရင်း လိမ္မော်ရောင် သစ်သားအိမ်ခပ်ကြီးကြီး ရှေ့တွင် ရပ်လိုက်သည်။ ထိုအိမ်ကြီး၏ ပိတ်ထားသော တံခါးကို အသာလေးခေါက်လိုက်တော့ အထဲက အသံတချွတ်ချွတ်ကို ကြားလိုက်ရ၏။

"အထဲက ကြောက်စရာတစ်ကောင်ကောင် ထွက်လာမှာလား"

အနောက်ကနေ လေသံတိုးတိုးနဲ့ ကပ်မေးလာသော ဂျောင်ဂုရယ်။ ဂျောင်ဂုစကားကြောင့် ထယ်ယောင်းက မျက်မှောင်လေးကြုံ့သွားပြီး နှုတ်ခမ်းပေါ်သို့ လက်ညိုးလေးတင်ကာ အသံတိတ်နေရန် အချက်ပြသည်။

ထိုအချိန်မှာပဲ အိမ်တံခါးလေး ကျွီခနဲပွင့်သွားကာ တံခါးဝတွင် ရပ်နေသူက အသက် ၃၀စွန်းစွန်းအရွယ် သာမန်ယောက်ျားတစ်ယောက်ပင်။ ဆံပင်က ရွှေအိုရောင်ကိုမှ လိမ္မော်ရောင် အနည်းငယ်ရောနေလျက်။ သူက အိမ်ပိုင်ရှင်ဖြစ်လောက်သည်။

"အိုး ထယ်ယောင်းပါလား"

ထိုလူက ထယ်ယောင်းကို တွေ့တာနဲ့ ပြုံးပြုံးရွှင်ရွှင်နဲ့ ကြိုဆိုသည်။ ထယ်‌ယောင်းကလည်း အတောက်ပဆုံး ပြန်ပြုံးပြကာ ခေါင်းလေးငုံ့၍ နှုတ်ဆက်သည်။

"ဟုတ် နေကောင်းရဲ့လားဗျ"

"ကောင်းပါ့ကွာ၊ မင်းလည်း မတွေ့ရတာကြာတဲ့ အတောအတွင်းချောလာလိုက်တာ"

ထိုလူ၏ စကားကြောင့် ထယ်ယောင်းက အနည်းငယ်ရှက်သွားဟန်နဲ့ ခေါင်းလေးငုံ့၍ ရယ်သည်။ နှစ်ယောက်သား သဘောတကျရယ်နေကြတုန်း ထိုလူက ဂျောင်ဂုကို သတိပြုမိသွားသည်။

Back To Deaquerld [Completed]Where stories live. Discover now