☄️Extra 3 (End)☄️

7K 637 44
                                    

(Unicode)

ဒီယာကွာရယ်မြို့က လူသားတွေရဲ့ လောကနဲ့ယှဉ်ရင် အနည်းငယ်ခေတ်နောက်ကျနေပြီဖြစ်သည်။ လျှပ်စစ်မရှိ၊ အင်တာနက်မရှိ၊ ဆက်‌သွယ်ရေးစနစ်လည်းမရှိ။ ဒီလို ဘာမှမရှိဘဲ မှော်စွမ်းအားတွေနဲ့သာ လည်ပတ်ရှင်သန်ရာ နေရာမို့ ခေတ်လူငယ်ဖြစ်သော ဂျောင်ဂုမှာ ပျင်းရရှာပြီ။

ဒါကို သတိထားမိသော ထယ်ယောင်းက ဂျောင်ဂုအား ဆိုးလ်သို့ အလည်အပတ်သွားရန် တိုင်ပင်လေတော့ ဂျောင်ဂုက တုန့်ဆိုင်းခြင်းမရှိ ခေါင်းငြိမ့်သဘောတူခဲ့ပါသည်။

ယခု တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့။

ဂျောင်ဂုက သူဝတ်နေကျအတိုင်း အင်္ကျီအနက်၊ ဘောင်းဘီအနက်နဲ့ အပေါ်က long coat ကပါ အနက်ရောင်ဖြစ်ပြီး သိသိသာသာကြည့်ကောင်းနေသည်။

ထယ်ယောင်းကတော့ ဂျောင်ဂုနဲ့ ဆန့်ကျင်ဘက် အင်္ကျီအဖြူ၊ ဘောင်းဘီအဖြူအပြင် ခါးပတ်ဖြူဖြူလေးကလည်း ခါးသွယ်သွယ်ကို ထင်သာစေသည်။ ထို့ပြင် ထယ်ယောင်းက သူ၏ ပတ္တမြားရောင် မျက်ဝန်းတို့ကို ဖုံးဖို့အတွက် နေကာမျက်မှန်အနက်ကိုပါ တပ်ဆင်ထားသေးသည်။

"ကဲ.. ယုန်ပေါက်လေး ဘယ်သွားချင်လဲ"

"အစ်ကိုရော"

"ငါက ဘယ်နေရာဖြစ်ဖြစ်အဆင်ပြေပါတယ်"

"ဒါဆို ရုပ်ရှင်သွားကြည့်ကြမလား၊ ပုံမှန်ဆို ဒိတ်ရင် ရုပ်ရှင်ကြည့်ကြတယ်လေ"

"ရုပ်ရှင်?"

ထယ်ယောင်းက သံယောင်လေးလိုက်ကာ ပြန်မေးလေတော့ ဂျောင်ဂုက ခေါင်းတဆတ်ဆတ်ငြိမ့်ပြသည်။

"အင်း အစ်ကိုတစ်ခါမှမကြည့်ဖူးဘူးလား"

"လူသားလမ်းညွှန်စာအုပ်ထဲမှာ‌တော့ ဖတ်ဖူးပါတယ်"

ထယ်ယောင်းပြောတာကို နားမလည်ဟန်နဲ့ ဂျောင်ဂု၏ မျက်ခုံးတွေ အတွင်းသို့ စုကြုံ့သွားသည်။

"လူသားလမ်းညွှန်ဆိုတာ ဘာကြီးလဲ"

"အာ.. အဲ့ဒါက လူ့လောကအကြောင်းနဲ့ လူသားတွေအကြောင်းကို ရေးထားတာ၊ အဲ့စာအုပ်ဖတ်‌ထားတော့ လူသားတွေကြားမှာ ကြောင်တောင်တောင်မဖြစ်တော့ဘူးပေါ့၊ သူတို့မှာ ခေတ်မှီနည်းပညာတွေ အများကြီးလေ"

Back To Deaquerld [Completed]Where stories live. Discover now