☄️23 (The Final)☄️

7.4K 794 83
                                    

(Unicode)

မနက်စောစောစီးစီး ပျော်ရွှင်မှုကြောင့် ဆူညံနေသော ဒီယာကွာရယ်မှာ အခုတော့ဖြင့် တိတ်ဆိတ်ငြိမ်သက်လို့နေတော့သည်။

ဂျောင်ဂုက ထယ်ယောင်းရှေ့က ဦးဆောင်၍ ဝိဉာဉ်များရဲ့ ဝူးဝူးဝါးဝါးအသံများကြားရာ နေရာကို လျှောက်လာခဲ့သည်။ ထိုအသံများက အကျဉ်းထောင် ပုံစံ အခန်းငယ်လေးမှ လာနေခြင်းဖြစ်ကြောင်း ကွဲကွဲပြားပြားသိနိုင်သည်။

ထိုအခန်းရှိရာသို့ ကြောင်လိမ်လှေကားအတိုင်း တက်လာရာ အပေါ်ရောက်လေ ပိုမှောင်လေ ဖြစ်နေသည်။ ဒါကြောင့် ထယ်ယောင်းက သူ့လက်ဖဝါးကို ဖြန့်ကာ အဝါရောင် အလင်းလုံးလေး ဖန်တီးလိုက်ပြီး ကျန်လက်တစ်ဖက်က ဂျင်ဂျူကို ကိုင်ဆွဲထားသည်။ ဂျောင်ဂုသည်လည်း ဂျန်မီအား သေသေချာချာဆုပ်ကိုင်ထားလျက်။ ဂျန်မီဟာ ဘေးပတ်ပတ်လည်တွင် အနက်ရောင် အခိုးအငွေ့များနဲ့ ဖုံးလွှမ်းလို့နေသည်။

အခန်းရှေ့ရောက်သည်နှင့် အထဲမှ အသံများက ပိုကျယ်လောင်လာသည်။ ယခင်တစ်ခေါက်လာတုန်းက ဖျက်ထားခဲ့သော သော့ခလောက်မှာ အခုတော့ ပြန်ခတ်ထား၏။ ဒါက ဆယ်ဟိုလက်ချက်မှလွဲ၍ တခြားမဖြစ်နိုင်။

ဂျောင်ဂုမှာ သော့ကို မဖျက်ခင် အနောက်သို့ ပြန်လှည့်ပြီး ထယ်ယောင်းမျက်နှာလေးကို ကြည့်မိသည်။ ထိုအခါ ထယ်ယောင်းမှာလည်း မျက်လုံးနီရဲရဲလေးနဲ့ ပြန်မော့ကြည့်၏။ အမှောင်ထုက ကြီးစိုးနေသော်လည်း ထယ်ယောင်းလက်ဖဝါးထက်က အလင်းကြောင့် မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီကို လှပထင်ရှားစွာ မြင်နေရပါသေးသည်။

"အစ်ကို ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ကျွန်တော့်နောက်မှာပဲနေပါ၊ တကယ်လို့ အခြေအနေမကောင်းတော့ရင် ကျွန်တော့်ကို ထားခဲ့ပြီး ထွက်ပြေးပါ"

"မပြေးဘူး၊ ငါမင်းနားမှာပဲ နေမှာ"

"တကယ်လို့ဆိုရင် ပြောတာပါ"

"ဘာကြောင့်ပဲဖြစ်ဖြစ်၊ မင်းနားမှာပဲ နေမှာ၊ ငါ့ကို ထွက်မပြေးခိုင်းပါနဲ့"

ဘယ်လိုပြောပြောရမည့်ပုံမပေါ်တာမို့ ဂျောင်ဂုလည်း ထပ်မပြောတော့ဘဲ အသာပြုံးကာ ထယ်ယောင်းနဖူးလေးကို တစ်ချက်နမ်းလိုက်သည်။ ထိုအခါ ထယ်ယောင်းက ခေါင်းလေးအနည်းငယ် ငုံ့သွား၏။

Back To Deaquerld [Completed]Where stories live. Discover now