☄️22☄️

5.1K 670 66
                                    

(Unicode)

မနက် နေထွက်စအချိန်။ ဒီယာကွာရယ်ရှိ ဒီယာပန်းကလေးများဟာ နေမင်းကြီးကို ဦးစားပေးသည့်အနေနဲ့ အရောင်လေးများ မှိန်သွားကြပြီဖြစ်သည်။

ဒီယာကွာရယ် တစ်မြို့လုံး ဆူဆူညံညံများလည်းဖြစ်နေကြသည်။ သို့သော် ထိုဆူညံမှုက ဝမ်းသာမှုကြောင့် ဆူညံနေကြခြင်းပင်။ အကြောင်းကတော့ မှော်စွမ်းအားများပြန်ရကြခြင်းကလွဲ၍ အခြားမရှိ။

ဂျောင်ဂု ကျေးဇူးနဲ့ အဝါရောင်သလင်းကျောက်လေးဟာ ယခင်ကထက် အဆပေါင်းများစွာ လင်းလက်လာပြီး သက်တံ့ရောင်ခြည်တန်းများက နန်းတော်ထိပ်တွင် ထွန်းလင်းတောက်ပလျက်ရှိသည်။

အားလုံး၏ ကိုယ်ပိုင်လက်နက်များဟာလည်း ငြိမ်သက်နေခြင်းကင်းဝေးကာ ပြန်လည်အသက်ဝင်လာကြတော့သည်မှာ ဂျင်ဂျုအပါအဝင်။

ထယ်ယောင်းမှာ ဒီယာကွာရယ်သားတွေနည်းတူ စိတ်လွတ်ကိုယ်လွတ် ပျော်ပစ်လိုက်ချင်ပါသော်လည်း ဂျောင်ဂုအခြေအနေကြောင့် ပျော်ခွင့်မရပါ။

ဂျောင်ဂုတစ်ကိုယ်လုံးရှိ အပေါ်ယံအသားများဟာ ပေါက်ပြဲနေသဖြင့် သွေးချင်းချင်းနီနေပြီး သတိမလည်ပေ။ ဒီယာကွာရယ်ရဲ့ နန်းတွင်းသမားတော်ကြီးမှာ နန်းတော်ထဲတွင်ပင် အစွမ်းကုန်ကုပေးနေသော်လည်း ယခုထိတိုင် အဖြေမသိရသေး။

ထယ်ယောင်းလည်း ဘာမှမတတ်နိုင်စွာဖြင့် နန်းဆောင်အခန်းအပြင်တွင် စောင့်နေရင်း ထိခိုက်ထားသော ဂျန်မီအား အဝတ်စိုလေးနဲ့ သန့်ရှင်းရေးလုပ်ပေးနေလိုက်သည်။

ဂျန်မီမှာ ဝိဉာဉ်တွေအများကြီးကို တားဆီးထားရသဖြင့် ခြစ်ရာဗလပွဖြစ်နေရှာသည်။ သို့ပေမဲ့ ထယ်ယောင်းလက်ထဲတွင်တော့ ဇိမ်ယူနေ၏။ ထိုအချင်းအရာကို ဂျင်ဂျူက မနာလိုဖြစ်နေပုံရကာ ထယ်ယောင်းရင်ခွင်ထဲ အတင်းတိုးဝင်သည်။

"ဂျင်ဂျူ ငြိမ်ငြိမ်နေလေ၊ ဂျန်မီက ဒဏ်ရာရထားလို့ပါ"

ထယ်‌ယောင်းပြောလိုက်မှ ဂျင်ဂျူက ငြိမ်ကျသွားလေသည်။ ထယ်ယောင်းရင်ခွင်ထဲကတော့ ထွက်မလာ။

ဂျန်မီက ဆူးကြာပွတ်လေးသဏ္ဍာန် ဖြည်းညင်းစွာ ပြောင်းသွားပြီး ဂျင်ဂျူအား လှမ်းတို့သည်။ ထိုအခါ ဂျင်ဂျူက ဂျန်မီအား ပြန်ခုတ်ချ၏။

Back To Deaquerld [Completed]Where stories live. Discover now