☄️18☄️

5.1K 714 88
                                    

(Unicode)

ဝိဉာဉ်များ၏ လက်‌ချက်ဖြင့် အပေါ်ယံအသားများ ပေါက်ပြဲနေသည်မှာ စပ်ဖျင်းဖျင်းဖြစ်လျက်ရှိသည်။ ဒါကြောင့် ဂျောင်ဂုမှာ ဆေးထည့်ရန် ရည်ရွယ်ချက်နှင့် မိမိအလုပ်လုပ်ခဲ့သော convenience store သို့ ဆေးသွားဝယ်ရန်ပြင်သည်။

ရာသီဥတုအေးစိမ့်စိမ့်ဖြစ်နေသည်မို့ ဒီယာကွာရယ်မှ အဝတ်အစားများကို ချွတ်၍ ဘောင်းဘီရှည်အနက်၊ ရှပ်အင်္ကျီလက်ရှည်အနက်အပြင် အပေါ်ထပ်ကုတ်အင်္ကျီအနက်ကို ဝတ်ဆင်ထားရင်း စတိုးဆိုင်သို့ ဦးတည်လာခဲ့သည်။

ထယ်ယောင်းက မိမိအား ဒီယာကွာရယ်သို့ ပြန်ခေါ်လိမ့်မည်။ သို့မဟုတ် ထယ်ယောင်းက ဆိုးလ်သို့ လိုက်လာလိမ့်မည်ဟု တွေးထားသော်လည်း အရိပ်အယောင်မျှပင် ပေါ်မလာခဲ့ပါ။

လမ်းကို ခပ်ဖြည်းဖြည်းလျှောက်ရင်း စတိုးဆိုင်ထဲသို့ ရောက်လာခဲ့သည်။ ကောင်တာမှာ တွေ့လိုက်ရသည်က ဂျောင်ဂုရဲ့ လုပ်ဖော်ကိုင်ဖက် ကောင်လေး မင်ဝူ။

"အစ်ကို"

မင်ဝူက မျက်လုံးပြူး၍ ဂျောင်ဂုအား စူးစိုက်ကြည့်လာသည်။

"အစ်ကို ဒီရက်ပိုင်း မပြောမဆိုနဲ့ ပျောက်နေတာပဲ၊ အစ်ကို့ကို သူဌေးက အလုပ်ဖြုတ်လိုက်တာရော သိရဲ့လား"

ဆိုင်ထဲဝင်ဝင်ချင်း ချက်ချင်းပြောလာသော မင်ဝူ၏ စကားတို့ကြောင့် အမောကဆို့ချင်ချင်။ ဒါပေမဲ့ ခွင့်မတိုင်ဘဲ အလုပ်မလာမှတော့ ဘယ်သူဌေးက မဖြုတ်ဘဲ နေမှာလဲ။ ဒါကြောင့် ဂျောင်ဂုမှာ ခေါင်းသာ တဆတ်ဆတ်ငြိမ့်ပြလိုက်သည်။

ဆိုင်ထဲတွင် လူမရှိတာကြောင့် အေးအေးဆေးဆေးပင် ဆေးပစ္စည်းများကို ရွေးချယ်ဝယ်ယူနိုင်သည်။

"အစ်ကို... ထပ်ပြီး အနိုင်ကျင့်ခံလာရပြန်တာလား"

ကောင်တာမှ မင်ဝူလှမ်းပြောလာသော စကားကြောင့် ဂျောင်ဂုမှာ မျက်ခုံးလေးနှစ်ဖက်စုကြုံ့သွားပြီး ဆတ်ခနဲ လှည့်ကြည့်လာသည်။

"ဘယ်တုန်းက ငါအနိုင်ကျင့်ခံရဖူးလို့လဲ"

"ကျောင်းက ပြန်လာတိုင်း အစ်ကို အနိုင်ကျင့်ခံလာရတာပဲလေ၊ အခုလည်း ဒဏ်ရာဒဏ်ချက်တွေနဲ့ဆိုတော့..."

Back To Deaquerld [Completed]Where stories live. Discover now