☄️15☄️

4.9K 676 38
                                    

(Unicode)

အိန်ဂလို၏ မြို့ထဲ စရောက်သည်နှင့် ထယ်ယောင်းပြောသလိုပင် လူ‌လေးများက သေးသေးလေးတွေဖြစ်ပြီး ‌ကျောဘက်တွင် အတောင်ပံ အကြည်ရောင်လေးများ ကိုယ်စီပါကြသည်။ လမ်းလျှောက်၍ တစ်ဖုံ၊ ပျံသန်း၍ တစ်ဖုံ၊ ပန်းပင်လေးများကြားတွင် သွားလာနေကြသည်က အံ့ဖွယ်ပန်းချီကားလိုပင်။

ထယ်ယောင်းကတော့ အထူးအဆန်းမဟုတ်သည့်ဟန် တည်ငြိမ်အေးဆေးလှသလို အိန်ဂလိုက သူတွေကလည်း မိမိတို့အား တစ်ချက်သာ ကြည့်ပြီး ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ကြသည်။ ဒီယာကွာရယ်က လူတွေ လက်နက်အတွက် လာကြသည်က သူတို့အတွက် ရိုးနေပုံ။

မြို့ထဲရောက်တော့မှ အိန်ဂလိုက ပို၍ လှပသည်။ ပန်းရောင်စုံလေးများက ပိုများလာသလို ရေကန်လေးတွေကလည်း အောက်ခြေကိုမြင်ရသည်အထိ ကြည်လင်နေ၏။ ထို့ပြင် သူတို့၏ အိမ်လေးများက မှိုပွင့် ပန်းပွင့်လေးများတင်မက ပင်စည်တွေမှာပါ အပေါက်ကလေးများ ဖောက်ထားသည်မို့ ထိုနေရာများတွင်ပါ နေထိုင်ကြသည့်ပုံပင်။

"ယုန်ပေါက်လေး ဒီကိုလာ"

ထယ်ယောင်း၏ ခေါ်သံကြောင့် ဂျောင်ဂုမှာ ငေးနေရာမှ ရပ်တန့်သွားပြီး ထယ်ယောင်းနားကို ကပ်လာသည်။

အနားကို ဂျောင်ဂုရောက်လာမှ ထယ်ယောင်းက လမ်းသွားလမ်းလာ အိန်ဂလိုသားတစ်ယောက်အား လက်လေးအသာဝေ့ပြလိုက်သည်။ ထိုအခါ ထိုလူက သူ၏ အတောင်ပံလေးကို လှုပ်ခတ်ကာ ထယ်ယောင်းမျက်နှာနဲ့ တတန်းထဲအထိ ပျံသန်းလာသည်။

"ဟို.. ရှေ့ဖြစ်ဟောဆရာဘယ်နားမှာနေလဲ ပြောပြလို့ရမလား"

ထယ်ယောင်းက မေးခွန်းပြုလိုက်သည်နှင့် ထိုနတ်သားသေးသေးလေးက မျက်လုံးကို အပေါ်သို့ လှန်ကာ စဉ်းစားဟန်ဖြင့်။

"ဒီလမ်းအတိုင်း တည့်တည့်သွားရင် ကျောက်သလင်းပန်းခြံရှိတယ်၊ အဲ့ဒါအလွန်ဆိုရင်တော့ သူ့ဆီရောက်ပြီ၊ အရမ်းမဝေးပါဘူး"

ထယ်ယောင်းလည်း ထိုနတ်သားလေး ညွှန်ပြရာလမ်းအား တစ်ချက်ကြည့်လိုက်ပြီးမှ သူ့ဘက်ပြန်လှည့်လာကာ အပြုံးလေးနှင့်

Back To Deaquerld [Completed]Where stories live. Discover now