☄️Extra 2☄️ ⚠️

7.1K 659 63
                                    

(Unicode)

ညနေ မှောင်ရီပျိုးစအချိန်။ ဒီယာကွာရယ်က လူတွေအကုန် အလုပ်တွေသိမ်းလို့ အိမ်ပြန်လမ်းထက်ဝယ် ရှုပ်ရှပ်ခတ်လျက်။

ထိုထဲတွင် ဂျောင်ဂုလည်း အပါအဝင်ဖြစ်သည်။ စတော်ဘယ်ရီများကို တောင်းကြီးနဲ့သယ်လာရင်း နန်းတော်ဆီသို့ ဦးတည်လာခဲ့သည်။ လမ်းတွင် တွေ့သမျှလူတိုင်းက ကူသယ်ပေးမယ်ချည်း ပြောနေကြသည်မို့ ငြင်းခဲ့ရတာလည်း အကြိမ်ကြိမ်။

တကယ်‌တော့ မသယ်ခိုင်းတာက ထယ်ယောင်းအတွက် စတော်ဘယ်ရီများကို ကိုယ်တိုင်သယ်ပြီးယူလာပေးချင်တာကြောင့်လည်းပါသည်။

သို့နှင့် ဒီယာကွာရယ်သားတို့၏ စေတနာများကို အားနာနာနဲ့ပဲ ငြင်းရင်း နန်းတော်အတွင်းသို့ စတော်ဘယ်ရီတောင်းကြီးသယ်ကာ ဝင်လာလိုက်သည်။

နေဝင်ခါစအချိန်မို့ ထုံးစံအတိုင်း ထယ်ယောင်းဟာ မီးဖိုချောင်ထဲရောက်နေမှာ အမှန်ပင်။ နန်းတွင်းသူများက ချက်ပြုတ်ပေးရန် အသင့်ရှိနေကြပေမဲ့ ထယ်ယောင်းက မပြောမဆို ဝင်ချက်တတ်သည်မို့။ ဒါကြောင့် ဂျောင်ဂုလည်း မီးဖိုချောင်သို့သာ တန်းဝင်လာလိုက်တော့သည်။

ခန့်မှန်းထားသည့်အတိုင်း တံခါးဖွင့်လိုက်တာနဲ့ ဟင်းအိုးမွှေနေသော ထယ်ယောင်းကို တွေ့လိုက်ရပြီး ဘေးနားတွင်တော့ ကြက်သွန်လှီးနေသော ဂျင်ဂျူနဲ့ အသားတွေ ခုတ်ထစ်နေသော ဂျန်မီအား ‌‌တွေ့လိုက်ရသည်။ ထိုမြင်ကွင်းကိုကြည့်ပြီး ဂျောင်ဂုတစ်ယောက်ထဲ ကြိတ်၍ ပြုံးမိသည်။

"အစ်ကို ကျွန်တော်ပြန်ရောက်ပြီ"

ဂျောင်ဂုအသံပြုလိုက်တော့မှ ထယ်ယောင်းက ဆတ်ခနဲလှည့်ကြည့်ပြီး ပြုံးပြလာသည်။ ပြီးတာနဲ့ မွှေလက်စ ဟင်းအိုးကို ချကာ ဂျောင်ဂုနားသို့ ကလေးတစ်ယောက်သဖွယ် ပြေးလာသည်။

ဂျောင်ဂုလည်း လက်ထဲက စတော်ဘယ်ရီတောင်းကြီးကို ဘေးတွင် ခဏချလိုက်ပြီး အနားကိုပြေးလာသော ‌ထယ်ယောင်းအား ပွေ့ဖက်လိုက်သည်။

"ယုန်ပေါက်စလေး ပင်ပန်းလာတယ်မလား"

"နည်းနည်း‌ပေါ့၊ နောက်တစ်ပတ်လောက်နေရင် ဒီယာကွာရယ်ကို ပြန်ပြုပြင်တာတွေ လတ်စသတ်နိုင်တော့မှာပါ"

Back To Deaquerld [Completed]Where stories live. Discover now