☄️13☄️

5K 716 60
                                    

(Unicode)

တည်းခိုခန်းကို ပြန်ရောက်တော့ နေဝင်လုနီးနီးဖြစ်နေပြီဖြစ်သည်။ ထရောစလင့်မြို့ကသူတွေကလည်း ကိုယ်စီကိုယ်စီ အိမ်အပြန်လမ်းထက်ဝယ် ပျားပန်းခတ်လျက်။

ထယ်ယောင်းကတော့ မျက်လုံးလေးကို မှိတ်ထားလျက်နဲ့ ဂျောင်ဂုရင်ခွင်ထဲတွင် မလှုပ်မယှက်၊ မျက်တောင်လေးများ လှုပ်နေသည်မို့ အိပ်နေတာ မဟုတ်မှန်း သိနိုင်သည်။

ဂျောင်ဂုကို တွေ့တာနဲ့ တည်းခိုခန်းရှေ့တွင် တံမြက်စည်းလှည်းနေသော ဝူဘင်က ပြုံးပြလာသည်။ ပြီးမှ အားနည်းနေပုံပေါက်သော ထယ်ယောင်းကြောင့် အပြုံးတို့က ပျောက်ကွယ်သွား၏။

"ထယ်ယောင်း ဘာဖြစ်တာလဲ"

အလောတကြီး ပြေးလာကာ မေးသော ဝူဘင်အသံကြောင့် ထယ်ယောင်းက မျက်လုံးလေး ပွင့်လာသည်။

"ရုတ်တရက် လမ်းမှာ အားနည်းပြီး လဲကျသွားလို့ပါ"

ဂျောင်ဂုက ထယ်ယောင်းအစား ဖြေပေးလာခြင်းပင်။ ထယ်ယောင်းကတော့ ဘာစကားတစ်ခွန်းမှမပြော။

ထိုအခါ ဝူဘင်မျက်နှာက စိုးရိမ်ရိပ်များ ဖြတ်ပြေးသွားပြီး ဘာမှမပြောတော့ဘဲ ဂျောင်ဂုအား တည်းခိုခန်းထဲ ဝင်စေသည်။ ဂျောင်ဂုလည်း တုန့်ဆိုင်းမနေဘဲ အခန်းထဲသို့ တန်းဝင်သွားပြီး ဝါကျင်ကျင် အိပ်ရာပေါ်တွင် ထယ်ယောင်းကို ဖြေးဖြေးချင်း ချပေးလိုက်သည်။ အလွန် သိမ်မွေ့သည်မို့ ထယ်ယောင်းမှာ သက်တောင့်သက်တာမရှိတာမျိုး နည်းနည်းလေးမှ မဖြစ်ခဲ့။

"ထယ်ယောင်းရော၊ ဂျောင်ဂုရော စိတ်မပူကြနဲ့နော်၊ အစ်ကို အခုချက်ချင်း ဆေးကြိုလိုက်မယ်၊ အဲ့ဒါသောက်လိုက်ရင်တော့ မှော်စွမ်းအား‌ဖြည့်ပေးနိုင်မှာပါ"

ဝူဘင်က ပြောပြီးတာနဲ့ အခန်းထဲမှ ခပ်သွက်သွက် ပြန်ထွက်သွားရာ ဂျောင်ဂုမှာ ဘာမှပြန်ပြောချိန်တောင် မရလိုက်။ နောက်မှ ထယ်ယောင်းလဲလျောင်းနေရာ အိပ်ရာဘေးရှိ ထိုင်ခုံလေးတွင် အသာဝင်ထိုင်ရင်း အားနည်းနေဟန်‌ရှိသော ထယ်ယောင်း၏ မျက်နှာလေးကို လက်နဲ့ ဖွဖွထိမိသည်။ ထိုအခါ ထယ်ယောင်းကလည်း ဂျောင်ဂုလက်ကို ‌အပေါ်ကနေ ပြန်လည်အုပ်ကိုင်လာရင်း

Back To Deaquerld [Completed]Where stories live. Discover now