☄️17☄️

4.9K 712 63
                                    

(Unicode)

မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်နှင့် အမြင်အာရုံက ချက်ချင်း မပြတ်သားသေး။ မှုန်ရီမှုန်ဝါးမြင်ကွင်းများက ဂျောင်ဂုအတွက် ရင်းနှီးနေသည်။ သေချာအာရုံစိုက်ပြီး ကြည့်လိုက်မှ ဆိုးလ်က မိမိအိမ်တွင် ပြန်ရောက်နေခြင်းပင်။

ယခုအနေအထားက အိပ်ခန်းထဲက ကြမ်းပြင်ပေါ်တွင် လဲလျောင်းလျက်သား။ ခန္ဓာကိုယ်ပေါ်ရှိ တချို့နေရာများက ပေါက်ပြဲနေကာ သွေးထွက်နေသည်။ သို့ပေမဲ့ ဒီယာကွာရယ်မှာ ရှိတုန်းကလောက်တော့ နာကျင်ခြင်းမရှိတော့ချေ။

ဂျောင်ဂု အားယူကာ ထထိုင်လိုက်တော့ ခေါင်းထဲ မိုက်ခနဲဖြစ်သွားကာ ခေါင်းကို လက်နဲ့အမြန်အုပ်ကိုင်လိုက်ရသည်။

အတွေးအာရုံထဲ ပေါ်လာသည်တို့က လက်ပြန်ကြိုးတုတ်ထားခြင်း ခံရသော ထယ်ယောင်း။ ထပ်ပြီး စိတ်ပျက်စရာအပေးအယူကိုပါ လုပ်ခဲ့သေးသော ထယ်ယောင်း။ မျက်ရည်များနဲ့ ပြည့်နေသော ထယ်ယောင်း။

"အစ်ကို... ကျွန်တော် ဘယ်လိုလုပ်ရမလဲ"

ဂျောင်ဂုတစ်ယောက်ထဲ ရေရွတ်မိသည်။ အမှန်အတိုင်းပြောရရင် ဘာလုပ်ရမလဲ ဂျောင်ဂုမသိ။ ဒီယာကွာရယ်ကို ဘယ်လိုပြန်သွားရမလဲ ဂျောင်ဂုမသိ။ တကယ့်ကို ဘာမှမသိတော့။

ကိုယ့်ကိုယ်ကိုယ်အားမလို အားမရဖြစ်မှုကြောင့်ရော၊ ဝမ်းနည်းမှု စိတ်တိုမှုတို့ကြောင့်ရော မျက်ရည်များ စီးကျလာမိသည်။ ဒီလိုအခြေအနေမှာတောင် ဘာမှလုပ်နိုင်စွမ်းမရှိသော မိမိက ဘုရင်တစ်ယောက်ရောဖြစ်သင့်ရဲ့လား။ ဒါမှမဟုတ် ထယ်ယောင်းအတွက် အားကိုးရာရော ဖြစ်နိုင်ပါ့မလား။

ဂျောင်ဂုအတွေးပေါင်းစုံနဲ့အတူ မျက်ရည်များကို လက်ဖဝါးနဲ့ အကြမ်းပတမ်းသုတ်ချလိုက်ပြီး ခန္ဓာကိုယ်ကို စိတ်ပျက်လက်ပျက် အရှေ့သို့ ကိုင်းလိုက်သည်။

ထိုအခါ အင်္ကျီလည်ပင်းထဲမှ ထွက်လာသော အရာတစ်ခု။ ဂျောင်ဂု ကိုယ့်လည်ပင်းကိုယ် ကိုင်ကြည့်လိုက်ရာ ထယ်ယောင်းပေးခဲ့သော နတ်သမီးသွေးစက် ကျောက်နီလေးရှိနေသည်။

Back To Deaquerld [Completed]Where stories live. Discover now