☄️4☄️

6.7K 832 85
                                    

(Unicode)

မနက်ခင်း၏ နေရောင်ခြည်နွေးနွေးလေးက မျက်နှာကို လာကျီစယ်နေသည်မို့ ဂျောင်ဂုမျက်လုံးအသာဖွင့်ကြည့်မိသည်။ မရင်းနှီးသော ပြတင်းပေါက်လေးထံမှ တစ်ဆင့် မျက်နှာပေါ်သို့ ဖြာကျနေသော နေရောင်ခြည်နုနု။

နွေးထွေးသည်မှန်သော်လည်း မျက်စိလည်း စူးသည်မို့ ဂျောင်ဂုမှာ လဲလျောင်းနေရာမှ ထထိုင်၍ မျက်လုံးနှစ်ဖက်ကို လက်နဲ့ အသာပွတ်သပ်မိသည်။

အိပ်ရာနိုးခါစဖို့ အသိစိတ်က အလုံးစုံမကပ်သေးဘဲ ရောက်ရှိနေသော အခန်းပတ်ပတ်လည်ကို ကြည့်မိသည်။

အခန်းနံရံတပြင်လုံး ဖြူဖွေးနေပြီး ပစ္စည်းလေးများက သေသေသပ်သပ်။ ကြွေထည်၊ ငွေထည်၊ ရွှေထည်အပြင် သစ်သားနဲ့ပြုလုပ်ထားသော အရာများပင်ရှိသည်။

ဂျောင်ဂု အိပ်စက်လဲလျောင်းနေရာကတော့ မွေ့ယာဖွေးဖွေးပေါ်တွင် ဖြစ်သည်။ တစ်ခန်းလုံးက အဖြူရောင်များနဲ့ အဝါရောင်များသာ ပြည့်နေသည်မို့ မျက်စိပင် ကျိန်းချင်ချင်။

ဒါက ဒီယာကွာရယ်ပဲ။

ထယ်ယောင်းပြသခဲ့သော ပုံရိပ်ယောင်ထဲတွင်လည်း ဒီယာကွာရယ်ဟာ အဖြူနဲ့အဝါတွေချည်း ရောစပ်ထားသော တိုင်းပြည်တစ်ခုဖြစ်သည်။ ယခုတော့ ဂျောင်ဂုမျက်စိနဲ့ ကိုယ်တိုင် လက်တွေ့‌ကြုံနေရပြီဖြစ်၏။

"ယုန်ပေါက်လေး"

ခေါ်သံနဲ့အတူ အခန်းထဲဝင်လာသော ထယ်ယောင်း။ ထယ်ယောင်းဝတ်ဆင်ထားသော အဖြူရောင်အင်္ကျီလေးက လက်ရှည်အဖောင်းလေးဖြစ်ပြီး လည်ပင်းနားတွင် ဖဲကြိုးဖြူလေးချည်ထားသေးသည်။ ထိုအင်္ကျီအား ဘောင်းဘီဖြူဖွေးဖွေးထဲ ထိုးထည့်ကာ ဝတ်ဆင်ထားသည်မို့ ခါးသွယ်သွယ်က အထင်းသား။ ထိုခါးသွယ်သွယ်တွင်တော့ ခါးပတ်အဖြူလေး ဝတ်ဆင်ထားသေးသည်။

ထို့ပြင် နေကာမျက်မှန်လည်း မရှိတော့ဘဲ ပတ္တမြားရောင် မျက်လုံးအစုံက လှပစွာ ဝိုင်းစက်လျက်ရှိသည်။ နားတွင် ပန်ထားသော ပုလဲလုံးနားကပ်လေးများကလည်း တင့်တယ်စွာ တည်ရှိနေလျက်။ အမှန်အတိုင်းဝန်ခံရရင် ထယ်ယောင်းက နတ်သားတစ်ပါးနဲ့ပင် တူနေပါသေးသည်။

Back To Deaquerld [Completed]Where stories live. Discover now