☄️21☄️

5K 677 45
                                    

(Unicode)

ညသန်းခေါင်ယံအချိန်။
လရောင်မရှိသည်ကိုကြည့်လျှင် လကွယ်ညဖြစ်ဖို့များသည်။ အမှောင်ထုက ကြီးစိုးနေသော်လည်း ဒီယာကွာရယ်ရှိ ပန်းကလေးများက အလင်းဓာတ်တို့ ပေးစွမ်းနေ၏။ အလင်းများကတော့ အရင်ကလောက် မလင်းတော့တာ သိသာပါသည်။

ဂျောင်ဂုမှာ ထယ်ယောင်းလက်လေးကို မြဲ‌မြံစွာ ဆုပ်ကိုင်ထားရင်း ရှေ့ကဦးဆောင်၍ နန်းတော်ထဲသို့ ဝင်သည်။ အစောင့်များသာမက နန်းတွင်းသူများဟာလည်း ဂျောင်ဂုအား တားဆီးခြင်းမပြုကြသည့်အပြင် ဦးညွှတ်အရိုအသေပင် ပေးကြလေသည်။

ခက်သည်က နန်းတော်၏ ထိပ်သို့ ဘယ်လိုသွားရမလဲဆိုတာ မသိခြင်းပင်။ ဂျောင်ဂုမှာ ငယ်ငယ်ကတည်းက နန်းတော်ကထွက်ခဲ့ရသည်မို့ သေချာမမှတ်မိတော့သလို၊ ထယ်ယောင်းသည်လည်း ထိုနည်းတူပင်။

"ဂျောင်ဂု"

ထယ်ယောင်းခေါ်သံကြောင့် ဂျောင်ဂုမှာ ဟိုကြည့်ဒီကြည့် လမ်းရှာနေရင်းနဲ့ ထယ်ယောင်းကို လှည့်ကြည့်လာသည်။

"ပြောလေ အစ်ကို"

"နောက်ဆို ဒီနေ့လိုမျိုး ထပ်မလုပ်ပါနဲ့"

ခုနက ဝိဉာဉ်များကို တစ်ယောက်ထဲ ရင်ဆိုင်ခဲ့တဲ့အကြောင်းကို ပြောပုံရသည်။

"ဝိဉာဉ်တွေက မရှိတော့ဘူးမလား"

"ရူးနေလား ရှိတာပေါ့၊ ဝိဉာဉ်တွေက ကမ္ဘာ့လူဦးရေလိုပဲ နေရာအနှံ့မှာရှိနေတာ၊ သူတို့ကို ပျောက်ကွယ်သွားအောင်လုပ်လို့မရဘူး၊ သူတို့ရန်က ကာကွယ်လို့ပဲရတာ"

ဂျောင်ဂု မျက်တောင်လေးတဖျတ်ဖျတ်ခတ်သွားရသည်။ ဝိဉာဉ်တွေကို အနည်းအကျဉ်းပဲ ရှိမယ်ထင်နေခဲ့တာ။

"ဒါဆို ကျွန်တော်ဘာလုပ်သင့်လဲ"

"သလင်းကျောက်ကို ကိုင်လိုက်လို့ ဒီယာကွာရယ်ကလူတွေ မှော်‌စွမ်းအင်‌ပြန်ရရင် စိတ်ပူစရာမရှိတော့ပါဘူး"

"ဒါပေမဲ့ အဲ့နေ့က၊ ကျွန်တော့်မိဘတွေဆုံးတဲ့နေက ရောက်လာကြတာပဲမဟုတ်လား"

"ဟုတ်ပေမဲ့ တကယ်ဆို မှော်စွမ်းအားသာ အားကောင်းနေရင် ဒီယာကွာရယ်နားကို ဝိဉာဉ်တွေကပ်ဖို့ မလွယ်ပါဘူး၊ အဲ့တုန်းက ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်ပဲ"

Back To Deaquerld [Completed]Where stories live. Discover now