p - 9

2.3K 177 2
                                    

‌မနက်စောစောဖုန်းဝင်လို့ကိုင်ချိန်ဖုန်းခေါ်သူမှာမေချစ်သူမောင်၏ကြီးကြီး။ဒေါ်သစ်သစ်နွယ်။ဖုန်းမကိုင်ခင်တည်းကတန်းသိနေပြီလေ။ရောက်တော့မှာမို့တံခါးဖွင့်ထားခိုင်းတာပဲဖြစ်မှာ။

"ဟလို"
ညကအိပ်မရ၍၃နာရီလောက်မှအိပ်ဖြစ်သည်။ခုကြီးကြီးဆက်တော့၅နာရီပဲရှိနေသေးသည်။
မနည်းအိပ်ထားပါတယ်ဆိုမှ။စိတ်ထားမှာရေရွတ်ရင်းချစ်သူ့ဖုန်းပြောသံမှာတော့အိပ်ချင်မူးတူးနဲ့ပင်။

"မေချစ်သူကြီးကြီးတို့ရောက်တော့မယ်။တံခါးကိုသော့ဖွင့်ပြီးစိထား။ပြန်မအိပ်နဲ့နော်ကြီးကြီးတို့ပြန်ရောက်မှအိပ်တော့။ပြီးတော့ပြောစရာရှိသေးတယ်။"

အ့တိုင်းပါပဲကြီးကြီးသစ်အကြောင်းချစ်သူကောင်းကောင်းသိသည်။သူခရီသွားပြီးပြန်လာရင်မရောက်သေးပဲရောက်တော့မယ်အကြောင်းသောတယ်။တံခါးသော့ဖွင့်ပြီးစိထားခိုင်းတယ်။ပြီးပြန်မအိပ်ခိုင်းဘူး။ဒါနဲ့ပြောစရာရှိလို့တဲ့ဘာပါလိမ့်နော်။

"ဟုတ်ဟုတ်ဒါပဲကြီးကြီးသစ်ရာ"
အိပ်ချင်းမူးတူးဖြင့်သာပြောပြီးဖုန်းချလိုက်သည်။
ပြန်အိပ်ရင်လဲသူပြန်လာလို့အိပ်နေတာမြင်ရင်နားညီးအုန်းမယ်။ဟူး..။
ချစ်သူလဲဆီဖာပေါ်မှာထိုင်ပြီးသီချင်းဖွင့်ကာအန်တီကိုသာစဉ်းစားနေသည်။

ကားသံပဲကြီးကြီးသစ်တို့ပြန်ရောက်ပြီးအထုတ်သွားကူရအုမ်းမယ်။ချက်ချင်းထကာကားရိရာကိုကြည့်လိုက်တော့။အန်တီသက်မာနှင့်ဘေးတွင်ကောင်မလေးတစ်ယောက်အထုတ်လေးကိုင်ကာရှိနေသည်။ကြီးကြီးသစ်ဘေးမှာလဲကောင်မလေးတစ်ယောက်ရှိနေပြန်သည်။ချစ်သူမျက်စိဝါးနေ၍ပွတ်ကာကြည့်ကြည့်တော့။အန်တီသက်မာဘေးကကောင်မလေးက..ဆူး...ဆူးလေးနွယ်ပင်။ကြီးကြီးဘေးကကောင်မလေးကိုမသိပေမဲ့သိနေပြီလေထိုကောင်မလေးဟာဆူးသူငယ်ချင်းဆိုတာ။သူတို့ပါတော့အိမ်ဝတွင်သာရပ်ပြီးကြည့်နေသည်။

"မေချစ်သူမောင်ဘာတေအ့လောက်ကြည့်နေတာတုန်းအထုတ်လာကူပါအုန်းတူမလေးရေ"
သူတို့ဘေးကောင်မလေးတေပါတာကိုလူကိုပြောနေသေးတယ်။အိမ်ဝပဲရောက်နေပြီကို။ချစ်သူနားမလည်တာသူတို့အ့လောက်တောင်မြန်တာလားဆိုတာပေါ့။

မောင် ( Completed )Where stories live. Discover now