" ညမရောဘာသောက်မလဲ .။ ညမ .."
" တို့ကိုခေါ်တာလား .."
" အင်း.."
" အမခင် ..."
အန်တီ့အားညမလို့ခေါ်လိုက်တာကြောင့် မေချစ်သူသောက်နေတဲ့ကော်ဖီပါသီးသွားရလေသည် ။
အန်တီကိုတွေ့သူတိုင်းအန်တီရဲ့အသက်ကိုခန့်မှန်းရင်နည်းလွန်းနည်းသည်ကားအမြဲပေ .. ။ ထင်ချင်လဲထင်လောက်အောင်အန်တီမှာနုလေသည် ။" ဘာဖြစ်လို့လဲ ဘော့ .."
" အန်တီကအမထက်ကြီးတယ် .. "
" ဟုတ်လား .. မသိလို့နော်အမ .. အမဘာသောက်မလဲ ။ အမကနုလဲနုလှလဲလှတော့ .. ငယ်တယ်ထင်လို့ပါ .."
အန်တီကဘားမှမပြောပဲ .. မေချစ်သူကိုကြည့်လိုက်မေချစ်သူမှာ .. သူပြောတာမှန်သိစတိုင်လုပ်ပြနေသည် ။
" ရတယ်နော် .. မသောက်တော့ပါဘူး "
" အမဒါ ကျွန်မ အမျိုးသမီးပါ "
မောင်မထင်မှတ်ပဲပြောတာကို မုန့်စားနေရင်း မေချစ်သူအားကြည့်ရပြန်သည် .. ။ တိုလဲတိုနိုင်လွန်းတယ် ။
" အော် .., ရက်စ်ဘော့ "
ခင်ခင်ထက်လဲပြောပြီး သူမနေကာသို့သွားလေသည် ။ အန်တီမှာမေချစ်သူကိုအကြည့်မခွာ ။
" မောင် .. သိလား .. အန်တီလေအ့နေ့ညကြမောင်ကို မျော်နေတယ်ဆိုတာ .. ဒါမဲ့မောင် .. မောင်ပေါ်မလားဘူး "
အန်တီဆိုလိုရင်းကိုသိသည်မို့ ပြန်ဖြေဖို့စကားများပျောက်ရပြန်သည် ။ ပြောပြီးခေါင်းငုပ်သွားသောအန်တီကိုကြည့်ကာ ပြန်ပြီအလုပ်သာဆက်လုပ်နေသည် ။
" အန်တီပြန်မယ်လေ .. ထ .. ထ "
အလုပ်လုပ်နေသောမေချစ်ပခုံးပေါ်မှာ .. မှေးကာအိပ်ပျော်နေသောအန်တီကိုနိုးနေလေသည် ။
လင်းလတ်ဖုန်းဆက်ထားတာကြောင့်စောစောပြန်ရခြင်းပင် ။ ထိုနေ့ဟာလင်းလတ်၏ကောင်လေးနဲ့ဆေ့စပ်ပွဲဖြစ်သည် ။" အန်တီ .. မောင်လင်းလတ်တို့ဆီသွားလိုက်အုန်းမယ် .. ဒီနေ့သူတို့ဆေ့စပ်ပွဲလေ .. အန်တီနားလိုက်တော့နော် .. မောင်မိုးချုပ်တဲ့ထိမနေဘူး .."