"မမ "
မနေ့ကညကစိတ်ညစ်ညစ်နဲ့အိပ်လိုက်တာ့အမဖြစ်သူသစ်သစ်နွယ်နှင့်မတွေ့ခဲ့။မနက်စောစောမှမနက်စားပြင်နေသောသစ်သစ်နွယ်ကိုခေါ်လိုက်သောသက်မာပင်။"သက်မာ အ့မလေးမနေ့ကနော်တူကြီးနှစ်ယောက်အိမ်မှာကောင်းကောင်းနေလိုက်ရလားရှင့်။ကျန်မကတော့နော်ဆိုင်မာချာချာကိုလည်လို့။ခုရောဘာပြောမို့ပါတုန်း"
"မမဆုကိုမနေ့ကတွေ့တယ်"
ပြုံပြုံးရွှင်ရွှင်နေတတ်သောသက်မာရဲ့အသံမှာအသက်မပါလှပေ။"ဆုသစ္စာအောင်လား။ ဘယ်မှာတွေ့တာလဲ။"သစ်သစ်နွယ်အသံမှာလဲအနည်းငယ်တင်းနေသည်။
"အိမ်မှာ"
"ဘလို"
"ဟုတ်တယ်ဒီမှာပဲတွေ့တာဆူးကိုမွေးစားထားတဲ့အန်တီဆိုတာမမဆုတဲ့"
ကော်ဖီငှဲ့နေသောသစ်သစ်မာကိုဘေးခုံတွင်ဝင်ထိုင်ကာပြောလိုက်သည်။"သူကဘာလာလုပ်တာလဲဆူးနဲ့သက်မာကိစ္စကိုပြောဖို့ဆူးခေါ်လာတာလား"
သက်မာဘေးရှိခုံမှာဝင်ထိုင်လိုက်ပြီးညမပြောသည်ကိုအာရုံစိုက်နေသည်။"ေမချစ်သူစီလာတာတဲ့ မမ မေချစ်သူရဲ့အမျိုးသမီးဆိုတာမမဆုများလား"
အသံမှာငိုချင်မှုကိုထိန်းထားသောအသံပမာ။"မဟုတ်လောက်ပါဘူးဟယ်။ သက်မာသူ့ကိုမမေ့နိုင်သေးဘူးလား။ဆူးကရော"
"သက်မာမေ့ကိုအတန်တန်ကြိုးစားပါတယ်။ဒါမဲ့မမရယ်မေ့လို့မှမရနိုင်တာ။ မတွေ့တာကြာလို့မေ့နိုင်တွေ့မည်ဆိုမှခုပြန်တွေ့တော့သက်မာမခံနိုင်ဘု။ ဆူးကြောင့်မေ့လို့ရခဲ့ပေမဲ့ခုဆူးကြောင့်နည်းနည်းပဲကျန်ခဲ့တဲ့အချစ်တေတောင်အပြည့်ဖြစ်နေပြီ။"
ခေါင်းကိုမော့တာပြောသောသက်မာမှာဘေးကလူကြည့်ရုံနဲ့သက်မာဘယ်လောက်ခံစားနေရလဲဆိုတာသိနိုင်သည်။"သက်မာ အကြိမ်ကြိမ်ကိုယ့်ကိုငြင်းခဲ့တဲ့သူကိုဘာလို့ဆွဲလမ်းနေတာလဲ။ ခုအသက်တေမနည်းတော့သလိုအချိန်တေလဲအတော့ကိုကြာသွားပြီသက်မာ။မေ့လိုက်စိမ်းပါ"
"အကြိမ်ကြိမ်ငြင်းခဲ့ပင်မဲ့ သက်မာအရမ်းချစ်ခဲ့တာလေမမ ။ ကြာသွားခဲ့ပေမဲ့လဲမေ့မှမမေ့နိုင်တာ။ သက်မာရဲ့အချစ်ဉီးကမမဆုလေ ။ကြာခဲ့ပြီးပဲဆိုပြီးမေ့လိုက်ချင်တယ် ။မုန်းပစ်လိုက်ချင်တယ်။ ဒါမဲ့သက်မာမလုပ်နိုင်ဘူး "
စကားများမှာအလွန်ကိုနက်ရှုင်းလှပေသည်။ မျက်ရည်များမှာလဲထိန်းထားလို့မရနိုင်။အမဖြစ်သူ၏ရင်ခွင်ကိုသာတိုးပြီးငိုကြွေးနေသည်။