p - 10

2.2K 148 10
                                    

"မောင်..ရေ  သွားမယ်လေ"

"ဟုတ်အန်တီ"

နှစ်ယောက်သားအိမ်ရှေ့သို့ထွက်လာကြသည်။အန်တီကလက်ကိုင်အိတ်အမဲလေးနဲ့ပေါ့။ကားပေါ်တပ်ဖို့ပြင်ချိန်အန်တီစကားစလိုက်သည်။

"မောင်  မောင်းမလား။ အန်တီမောင်းတာလိုက်စီးမလား"

"မောင် မောင်းမှာပေါ့။ အန်တီကလိုက်စီးပေါ့ ။"

"ဟုတ်ပါပြီ ။ကဲအ့ဆိုအန်တီလမ်းပြောပြပါမယ်ရှင့်"

"ရှင့်လေးကိုချစ်နေတာ"

"အော်အ့ဆိုလူကိုမချစ်ဘူးပေါ့"

"ချစ်တာပေါ့ဗျာ။လူကိုလဲချစ်တာ။စိတ်ကိုလဲချစ်တယ်။ပြောတဲ့အသံလေးကိုလဲချစ်တယ်။အန်တီရဲ့အနံလေးကိုလည်းမောင်ချစ်တယ်။အန်တီရဲ့အရာရာကိုမောင်ကမျက်နိုးပြီးသားချစ်ပြီးသား"
ကားပေါ်တပ်ဟန်နှင့်ပြောသောမောင့်ကိုကြည့်ပြီးအန်တီပြုံမိသည်။

"စကားတေသိပ်တပ်နေတယ်ပေါ့။ကဲ သွားမယ်မောင်။
တစ်နေကုန်အားတယ်မလားအန်တီနဲ့ပဲနေမယ်မလား။"

"အားပါတယ်ဒီကအန်တီအတွက်မောင်ကအားပြီးသားပါလို့ပြောပြီးသားကို။တစ်နေ‌ကုန်မကတစ်သက်လုံးဆိုလဲနေမယ်"

အန်တီကားပေါ်မတပ်တံခါးကိုဖွင့်ကာမောင်ပြောတာနားထောင်နေသည်။မောင်အပြောကိုဘားမှမပြောပဲပြုံသာပြုံပြီးရင်ထဲမှာတော့ပီတိများဖျာနေသည်။

"အန်တီတပ်လေ "

အန်တီကားတံခါးပိတ်လိုက်တော့မှန်လေးချတာပြောလိုက်သည်။

"တပ်မှာပါ  ခြံတံခါးဖွင့်ရအုန်းမယ်ပိတ်ရအုန်းမယ်ရှင့်။အိမ်မှာဘယ်သူမှမရှိဘူးလေမောင်ရယ်"

မောင်ခေါင်းလေညှပ်ပြကာမှန်ပြန်တင်လိုက်သည်။
ခြံရှေ့ရောင်တော့ကားကိုရပ်ကာတံခါးပိတ်နေသောအန်တီကိုကြည့်နေမိသည်။
ဆူးမှာရော ။ဘကြီးတို့ဒေါ်လေးတို့မှာရောသော့အပိုများရှိသည့်အတွက်သော့ကိုခတ်ခဲ့ခြင်းပင်။

"မောင်  ရပြီးသွားမယ်"ကားပေါ်ရောက်ခြင်းကြားရသောစကားသံပင်။

"ဟုတ်"

ကားကိုစထွက်ချိန်ကနေအန်တီပြောပြသောနေရာကိုရောက်သည်အထိအန်တီစကားမပြောချေ။

မောင် ( Completed )Where stories live. Discover now