p - 31

2.1K 131 14
                                    

အန်တီနဲ့အတူ အန်တီဆိုင်သို့ထွက်လာလိုက်သည် ။
" မောင် ဒီနှစ်မောင့်မွေးနေ့ဆို မောင်က24ပြည့်ပြီနော် .."

" ဒါပေါ့ .. အန်တီက 44 ပေါ့အချစ်ရဲ့ .."

အန်တီကအရှေ့တည်းတည့်ကိုသာကြည့်နေလေသည် ။ အန်တီဝမ်းနည်းနေတာလား .. ။ မဟုတ်လောက်ပါဘူးအိမ်ကထွက်လာအုန်းအကောင်းပါ ..။

" ဒီနှင့်အန်တီမွေးနေ့မှာတော့ မောင် အနားမှရှိနေပေးပါ .. လိုသေးတယ်ဆိုပေမဲ့ .. မောင်သိလား .. အန်တီလေမောင်ကိုချစ်တယ်လို့စသိတဲ့နေ့ကနေခုထိ  ..
အန်တီမွေးနေမှာမောင်နဲ့ဖြတ်ကျော်ဖို့ စိတ်ကူးတေယဉ်ခဲ့တယ် .. ဒါမဲ့ .."

အန်တီကဆက်မပြောပဲခေါင်းကိုငုပ်သွားလေသည် ။
အန်တီပြောတာမှန်နေပါတယ် မောင် ကတော့22ပြည့်မွေးနေတုန်းကအန်တီနဲ့ဖြတ်သန်းခဲ့ရတာမလား .. အန်တီမွေးနေကျမောင် ဂျပန်သွားတဲ့ရက် .. မောင်နဲ့အဆင်မပြေတဲ့ရက်တေမှာဖြစ်နေလေတယ် ..။
မေချစ်သူပြန်စဉ်းစားကြည့်ရင် အ့ရက်တေအန်တီဘယ်လိုများဖြစ်နေမလဲ ဘယ်လောက်တောင်ဝမ်းနည်းနေမလဲဆိုတာသိနိုင်သည် ။

" အချစ်ရယ် .. ခုချိန်ကစပြီမောင်ကအန်တီနားမှာပဲနေမှာပါ .. အမြဲတန်းပေါ့ .."

" အန်တီယုံပါတယ် .. "

အ့လိုနဲ့ပဲအန်တီဆိုင်ရောက်ခဲ့တယ် .. ။ အန်တီဆိုင်အန်တီရှိဆင်ကအတိုင်း လူတေအများကြီးနဲ့ ပြည့်ပြန်ရော ကိုယ်တိုင်ယူစနစ်မို့ .. တန်းစီနေသူများမှာလဲအများကြီးပေ ..။

အန်တီကိုခေါ်ကာအတူတူဆိုင်ထဲဝင်သွားလိုက်သည် .. အန်တီတို့ဆိုင်မလာတာကြာလေပြီမို့ .. အန်တီနှင့်မေချစ်သူကိုလိုက်ကြည့်နေကြပေသည် ။ အန်တီကိုတော့ပိုသည်ပေါ့ .. ဗိုက်ဘုန်းလေးနဲ့တောင် ကျက်သရေပြည့်ဝစွာလှနေလေတော့ ..။

မေချစ်သူမှာအန်တီကိုကြည့်လို့ သဝင်ကတိုကပြန်သည် ။ အန်တီကတော့ပြုံးနေလို့ .. ။ အဆိုးဆုံက
သီရိမော်မှာဆိုင်ထဲသို့အန်တီတို့ဝင်လာကတည်းကကြည့်နေသည်ကိုပင် ...။ ဘလိုဘယ်လောက်ပဲသိသိအန်တီကိုအ့လောက်ကြည့်နေပြန်တော့သဝန်တိုရပြန်သည်။

" ဟိုင်း .. အန်တီ .. ပိုလှလာတယ် .. မေချစ်သူရောပဲ "

" ကျေးဇူးကွယ် .. မလာတာကြာလို့လေအ့တာ .. ခုမပြန်ခင်လေးလာတာ "

မောင် ( Completed )Onde histórias criam vida. Descubra agora