p - 1

10.1K 288 1
                                    

"ဆုသစ္စာ...ဆုသစ္စာ...ဟိတ်ဒေါ်ဆုသစ္စာအောင်"

"အမေ့...အ့မအော်အမရယ်လန့်လိုက်တာ"ဆုသစ္စာလန့်ပြီးခရောင်ခရမ်းပြောမိလိုက်သည်။

"ဆုစ္စာရယ်အမခေါ်နေတာကြာပြီဘာတေစဉ်းစားနေတာတုန်း...မဟုတ်မှ..."ဒေါ်သူဇာစကားမဆံုးသေးမလုံမလဲဆုသစ္စာမှ
"အမရယ်...ဘာ..ဘာမှမတွေးပါဘူး"

"ဟယ်တော်ကျွန်မဘာမှမပြောရသေးပါဘူးဘယ်လိုဖြစ်လိုတေဖြစ်နေတုန်းဒေါ်ဆုသစ္စာအောင်ရယ်"သူဇာမှအပျိုကြီးရှက်အောင်ပြောလိုက်သည်။

"ဟာ..အမနော်လိုက်စနေတယ်၊ဘာကိစ္စရှိလို့ရောက်လာတာတုန်းမရောက်ဘူးသဘူး"တကယ်‌ေတာ့ဒေါ်သူဇာကိုဆုသစ္စာခေါ်ထားခြင်းဖြစ်သည်သို့သော်ယောင်ပြီးပြောလိုက်မိသည်။

"ဟယ်ဒီအပျိုကြီးဘာနေပြောရှင်ပဲကျွန်မကိုခေါ်ထားပြီးတော့"

"အောင်ဟုတ်သားပဲဆုသစ္စာမေ့နေတာ"

"အော်တကယ်ပဲဘာတေပြောနေမှန်းကိုမသိဘူး၊ပြောပါအုန်းခေါ်တဲ့အကြောင်း"

"ပြောမှာပေါ့အမရယ်လောလိုက်တာ၊ဘာသောက်ဉီးမလဲ"

"မသောက်တော့ပါဘူးဟယ်"

"သောက်ပါလာတုန်းလေးတိုက်ရတာ၊နီလာရေအမတွက်ကော်ဖီလေးတစ်ခွက်လောက်ဖျော်ပေးပါလား"ချက်ချင်းပင်နီလာကိုခေါ်လိုက်သည်။

"ဟုတ်မမဆု"

"နေပါဆုသစ္စာရယ်မသောက်တော့ပါဘူး၊ရတယ်နီလာမဖျော်နဲ့တော့နော်"

"သဘောပါပဲရှင်၊နီလာရေမဖျော်နဲ့တော့တဲ့"

"ဟုတ်မမဆု၊အ့ဆိုလူနာတေသွားကြည့်လိုက်အုန်းမယ်နော်"နီလာသည် nurse တစ်ယောက်ပင်

"အေးအေးအမလဲပြီးရင်လာခဲ့မယ်နော်အရေးပေါ်ကစ္စဆိုအမကိုလာခေါ်လှဲ့"ပြောရင်းသူဇာ့ဘက်လှဲ့လိုက်သည်

"အမရယ်ဒီလိုပါဆုလေသဘက်ခါရန်ကုန်ပြောင်းရတော့မယ်၊အ့တာမနက်ဖြန်သွားရမယ်"

"ဟယ်ဆုသစ္စာရယ်လောလိုက်တာဟယ်ပြောင်းတဲ့ကိစ္စကခုမှချက်ချင်းဖြစ်တာလား၊"

"မဟုတ်ပါဘူးဆုတင်ထားတာကြာပြီ၊အမကိုပြောရင်တားမှာဆိုးလို့၊"

မောင် ( Completed )Donde viven las historias. Descúbrelo ahora